"ဒေါ်လေး ပုံ ပန်ဒီအိမ် လာတယ်ဆိုလို့ ရှိလားဗျ "
"ရှိတယ် သားရေ မင်းတို့ဘာဖြစ်ကြတာလဲကွယ် ဘာမှလဲမေးလို့မရဘူး ပန်က ရောက်ထဲက အဲ့တာနဲ့ အန်တီလည်း ပျော်သလိုနေလို့သာပြောထားလိုက်တယ်"
ဥက္ကာလည်း ပန်အဒေါ်ဟာ သူ့အဒေါ်လိုဘဲမို့ ဖြစ်ကြောင်းကုန်စင်အား ရှင်းပြလိုက်သည်
"အဲ့လိုဘဲ ဒေါ်လေးပုံရေ ကျွန်တော် နဲ့စကားတောင်သေချာမပြောရသေးဘူး သူလုပ်တာကိုလုပ်သွားတာ "
"ပန်က အခုထိ ဆိုးချင်တဲ့စိတ်က မလျော့သေးဘူး ကွယ် သွားသွား သူအိမ်ထဲမှာရှိတယ် ဟိုဘက်အိမ်က ကလေးတွေခေါ်ပြီး မုန့်လုပ်ကျွေးနေတယ် ထင်တယ်"
" အိတုန် ဒီအိုးလေးကို မီးအေးအေးပေးထား နောက် ၁၅ မိနစ်လောက်ဆို စားလိူ့ရပြီ အဲ့ခါကျ ဒီကလေးတွေကိုလည်း သေချာကျွေး သူတို့အိမ်က လူကြီးတွေအတွက်လည်း သေချာထည့်ပေးလိုက်နော်"
" ဟုတ် မမပန်"
" အင်းအင်း အဲ့တာဆို ငါအပေါ်ခဏ သွားဦးမယ်
အမလေး..!!!!!!!!!!!!! "
နောက်လှည့်တုန်း ကိုကိုနဲ့ တန်းတိုးတော့ လန့်သွားရသည်
" ဘာကိစ္စလဲ ခုမှ ဘာလာလုပ်တာလဲ ???....."
"ကိုယ် ဒေါ်လေးပုံကို အကုန်ပြောပြပြီးပြီ ကိုယ်နဲ့ပြန်လိုက်ခဲ့တော့ ပန် "ကိုကို မျက်နှာထားကိုကြည့်ရုံနဲ့ပန်သိနေပါပြီ
ကိုကို စိတ်ဆိုးနေပုံဘဲ အို ...နေပါစေ မကြောက်နဲ့ ငါလည်းသူ့ကိုစိတ်ဆိုးနေတာဘဲ ဟွန့် ဒီတသ်ခါတော့ မရဘူူနှတ်
" မလိုက်ချင်ဘူး အဲ့မိန်းမနဲ့သာ ငယ်ငယဘဝအကြောင်းတွေပြန်ပြောပြီး ပျော်နေလိုက်ကြ "
"ပန် ကိုယ်တို့ကြားက ပြသနာကို ဘာလို့ ကိုယ်နဲ့ဘဲ သေချာမရှင်းတာလဲ ဒီလောက်ထိတခြားသူတွေပါသိဖို့လိုလို့လား ဟမ် ကိုယ်ဒီမှာ သိပ်မပြောချင်ဘူး လူကြီးတွေရှိတယ် အိမ်ဘဲပြန်မယ် အခုလာ "
ကိုကိုက ပန့်လက်ကို တင်းတင်းဆုပ်ကိုင်ထားလိူက်သည်
အားအတော်ပါတာမို့ ပန်ရုန်းလေ နာလေ ဖြစ်နေသည်
"လွှတ်လို့ ပန်မလိုက်ချင်ဘူး "
" ဟုတ်ပြီလေ အဲ့တာဆို ကိုယ်တို့ ဒီမှာဘဲ အပြက်ရှင်ယကြတာပေါ့ ကိုယ်လူကြီးတွေရှိလည်းမရှောင်တော့ဘူးနော် "
" ဟာ အဲ့တာသက်သက်အနိုင်ကျင့်နေတာ ပန့်ကြောင့် တခြားသူတွေပါ ကြားဝင်နေရမှာပေါ့"
"မဝင်စေချင်ရင် ဘာလို့ ဒီလိုတွေထိလုပ်လဲ ကိုယ်နဲံဖြစ်တဲ့ပြသနာကိုယ်နဲ့မရှင်းတော့ ဘယ်သူနဲ့ရှင်းမှာလဲပြော "