Part 3

5.7K 110 5
                                    

ဒီနေ့တော့ သင်တန်းတွေပြန်ဖွင့်ပြီ
ကိုကိုလည်းအလုပ်သွားဖို့ပြင်နေတယ်
ပန်က သင်တန်းတက်ရမှာအရမ်းပျင်းတယ် မတက်ချင်ဘူး ဒါပေမဲ့ သင်တန်းမတက်ချင်ရင်ကိုကိုနားနေပြီး သူမျက်စ်ဒေါက်ထောက်ကြည့်ပြီး ဆူတာတွေခံရမှာ စိုးလို့ မသွားချင်လည်း သွားရမှာပါဘဲ
ကိုကိုနားနေရတာတော့ကြိုက်ပါတယ် ဆူတာ ကိစ္စမရှိပေမဲ့ တစ်ခါတလေကျ တုတ်ကြီးတွေပါတော့ ကြောက်တာပေါ့ 🥲
" ပန် ပြီးပြီလား ကိုယ်အလုပ်မသွားခင်သင်တန်းလိုက်ပို့ပေးမယ် ညနေကျ ရုံးက သင်ဇာကိုလာကြိုခိုင်းလိုက်မယ် ကိုကိုမစည်းအဝေးရှိလို့"
"ပန် ကိုယ့်ဟာကိုသွားလို့မရဘူးလားဟင် ပန်က ကိုကိုဝယ်ပေးထားတဲ့ကားကြီးဖုန်တက်မှာစိူးလို့ပါ ပန်မစီးတာကြာနေပြီဆိုတော့လေ ဟီး"
"မရဘူး "
"ဟူတ်ကဲ့"
သင်တန်းကို မျက်ရည်တွေနဲ့မသွားချင်လို့ပန်ဘဲလျော့လိုက်ပါတယ် မဟုရင်ကိုကိုက တစ်လမ်းလုံး ဆူနေမှာ.....
၂ နာရီခွဲသင်တန်းဆင်းတော့ သင်တန်းရှေ့ မမသင်ဇာရောက်နေလေပြီ
"ပန်ရေ ဟိုမှာ နင့်ကိုကိုကတော့ အချိန်ကိုက်ကိုကြိုခိုင်းလိုက်တာဘဲ ငါတို့နဲ့ လျောက်လည်တာလိုက်လို့ရပါတော့မလား"

"ဟာ ဖြိူးတို့ကလည်း ရမှာပါ ခဏနေဦး ကိုကိုအစည်းအဝေးမပြီးထင် အိမ်ပြန်ရောက်ရင်ဖြစ်ပါတယ်"

" မမ ကိုကိုကလေအစည်းအဝေးဘယ်ချိန်ပြီးမှာလဲဟင် "
"၅ နာရီဝန်းကျင်လောက်ဖြစ်မယ် ပန်လေး"
"ဟီးဟုတ်လား ပန်လေ သူငယ်ချင်းတွေနဲ့ ဟိုးနားလေး ခဏလျောက်လည်ချင်လို့ ၄ ခွဲမှလာခေါ်လို့ရလား ပန်ဖုန်းပြန်ဆက်လိုက်မယ်လေနော်"

"ကိုဥက္ကာ ကိုပြောပြီးသားဆို ရပါတယ်ပန်လေးရဲ့ ခွင့်တောင်းပြီးသားလားဟင်"

" ဟီး ဟင့်အင် မမပြန်မပြောနဲ့နော် ပန်နာရီဝက်စောပြန်ခဲ့ပါမယ် ကိုကိုမသိအောင် နော် မမ နော်လို့ နော်နော် ပန်က ဖြိုးတို့နဲ့ချိန်းထားပြီးသားဖြစ်နေလို့ပါ တော်ကြာသူတိူ့ကပန်ကိုစကားမတည်တဲ့သူလို့ပြောမှာစိုးလို့နော်"
"အမလေး စကားတွေတက်နေလိုက်တာပန်ရယ် ကိုဥက္ကာမိသွားမှ ဒါမျိုးပြန်ပြော
ကဲဟုတ်ပါပြီ မမဒီဘက်နားက သူငယ်ချင်းအိမ်ဝင်လိုက်ဦးမယ် ပန်ပြီးရင် လှမ်းခေါ်လိုက် နောက်ကျလို့မဖြစ်ဘူးနော် ပန်လေး "
"ဟုတ်မမ ဟီး ချစ်လိုက်တာ မမမရှိရင် ပန်ကမဖြစ်ပါဘူးဆိုအာ့ကြောင့်"
"အင်းပါဟုတ်ပါပြီဟုတ်ပါပြီ ပန့်ရဲ့ဦးစိတ်တိုကြီးသာ မမိစေနဲ့"

Koe Koe's BaeWhere stories live. Discover now