"အဲ့လို သဘောမဟုတ်ပါဘူး ကိုကို ကိုကိုအစည်းအဝေးရှိတယ်ဆိုတော့ ပန်ဖုန်းဆက်ရင် ကိုကိုမကိုင်ဖြစ်လောက်ဘူးထင်တာနဲ့ ပန်ခွင့်မတောင်းဖြစ်တာပါကိုကို"
ကိုကိုချင်းထပ်အောင် ရှင်းပြနေသော ကောင်မလေးက အချစ်ပိုစရာဖြစ်သော်လည်း လုံးဝသက်ညှာမပေးဘူးလို့အခိုင်အမာဆုံးဖြတ်ပြီးသား ဖြစ်သည် ဒီကလေးကနည်းနည်းမှအလျော့ပေးလိုက်လို့မရပေ
"ပန် ဆက်ရင်ကိုယ် ဘယ်နကြိမ်များ ဖုန်းမကိုင်ဘဲ နေခဲ့ဖူးလဲ မကိုင်ဖြစ်ရင်တောင် ကိုယ် ၅ မိနစ်အတွင်းပြန်ခေါ်တာဘဲမဟုတ်ဘူးလား ကိုယ်ကဒီလောက်အရေးထားတာကို ပန်ကကိုယ့်ကို အရေးမပါတော့တာပေါ့လေ ဟုတ်လား"
ကိုကိုပြောတာ မှန်လွန်းနေသည်မို့ ပန်ဘာမှအတွန့်တက်စရာမရှိတော့၍ နှုတ်ဆိတ်သာနေမိသွားသည်
"......."
"မေးနေရင် အဲ့ပါးစပ်တွေက မပါတော့ပြန်ဘူးလား ဟမ် ငါ့ကို စိတ်တိုအောင်ဘဲလုပ်တက်သလား ပန်"
" အဲ့လို မဟုတ် မဟူတ် ပါဘူးကိုကို ကိုကိုပြောတာမှန်ပါတယ် ပန်ဘာပြန်ပြောရမှန်းမသိတော့လို့ပါ ပန်တောင်းပန်ပါတယ်နော်ကိုကို ဟင့် ဟင့်"
ကိုကိုက သူ့ကိုယ်သူငါလို့သုံးကတည်းက ကိုကိုဒေါသကိုပန်သိလိုက်ပါပြီ ပန်အရမ်းကြောက်တယ် အချိန်တွေပြန်ရစ်လို့ရင် ကိုကိုဆီကိုဖုန်းအရင်ဆက်မေးခဲ့ပါတယ်😣"လာပြန်ပြီ ဒီတောင်းပန်ပါတယ်ဘဲ ပြီးတော့ငါမင်းကို လက်နဲ့တောင်မရွယ်ရသေးတာ ဘာလို့ငိုနေတာလဲ အပြစ်လုပ်ပြီးမှ ငိုတာမျိုးတွေ ပြင်ထားမယ်နော် ငါလုံးဝမကြိုက်ဘူး"
"ဟုတ်ကဲ့ ကိုကို"
"မင်းကို ငါအပြစ်ပေးမယ်ဆိုတာ မင်းသိတယ်မလား"
"ဟုတ် ပန်သိပါတယ်ကိုကို"
မငိုမိအောင် ထိန်းနေရတာကလည်း တစ်လုပ် မဟူတ်ရင် ကိုကိုဒေါသတွေအကုန်ပေါက်ထွက်လာမှာ
"မင်း ငါအပြစ်ပေးတာရောခံချင်သေးရဲ့လား ခွင့်တောင်းစရာတောင် မလိုတဲ့သူဆိုတော့ မင်းမခံနိုင်ရင်လည်းပြောလေ ငါမင်းကိုနည်းနည်းမှမထိန်းချုပ်တော့ဘူး စည်းကမ်းတွေလည်းမထားတော့ဘူး ပျော်တယ်မလား အဲ့လိုဆို"
"အဲ့လို မဟုတ်ပါဘူးကိုကို ဒီတစ်ခါပန်လုပ်ရပ် မှားသွားတာ ပန်သိပါတယ် ကိိုကိုပေးတဲ့အပြစ်ကိုလည်းပန်ခံပါ့မယ်နော် ပန်ကိုစိတ်မဆိုးပါနဲ့နော် ပန်မှားပါတယ် "
ကိုကိုပေးတဲ့အပြစ် မခံချင်ဘူးလို့ပြောချင်ပေမဲ့ ကိုကို့ကိုအ့လိုပြောရင် ကိုကိုကပန်ကိုပြစ်ထားတော့မှာ ကိုကိုဂရုစိုက်မှုမရရင် ပန်သေသွားလိမ့်မယ် အသားနာတာကနာပါစေလေ ဖိုက်တင်း ပန်ရေ နင့်အပြစ်နင့်အပြစ် ဆိုပြီးသာ ကွကိုဆုံးမနေရတော့သည်
"အခန်းထဲကို သွားခြေနင်းခုံပေါ် မှာဒူးထောက်နေ ကိုယ်ခဏနေလာခဲ့မယ် နည်းနည်းလေးမှ ငိုမထားနဲ့နော် ငိုရင်ကိုကိုစိတ်ဆိုးမှာ"
"ဟုတ်ကဲ့ ကိုကို"
ကိုကို ဒူးထောက်ခိုင်းတဲ့ ခြေနင်းခုံဆိုတာ အုန်းခွံတွေနဲ့ပြုလုပ်ထားတာဖြစ်ပြီး အဲ့ခုံပေါ်မှာ သဲတွေဖြူးထားသေးသည် ခဲသေးသေးလေးတွေပါ ပါသောကြောင့်ဒူးထောက်တိုင်း နာကျင်မှုကို သိသိသာသာခံစားရသည်
အခုဆို ပန်ဒူးထောက်နေတာ ၁၅ မိနစ်ကျော်လာပြီဖြစ်သော်လည်း ကိုကိုလိုက်မလာသေးပါ
မိနစ် ၂၀ ခန့်တွင် ကိုကိုအခန်းထဲဝင်လာပြီးချက်ချလိုက်သည်
ကိုကိုသည် အခန်းထောင့်စွန်းနားရှိ ပန်ရဲ့စာကြည့်စားပွဲခုံတွင်ဝင်ထိုင်လိုက်သည်
"ရပြီ ကိုကိုနားကိုလာခဲ့တော့"
ပန် ထသော်လည်း မိနစ်၂၀ ကြာထောက်ထားရတဲ့ဒူးများကပြန်ကွေးကျသွားသည် ကိုကိုကထိုင်ကြည့်နေရုံမှအပ ဘာမှမပြောင်းလဲပါ လာလည်းမထူဘူး
ကြိုးစားပြီးထလိုက်တော့ ပန်ဒူးမှာ အပွန်းရာလေးတွေတောင် ဖြစ်နေပြီဖြစ်သည်Pan's Pov: ဒီဒဏ်ရာတွေကိုကိုမြင်ရင် သနားပြီး အများကြီးအပြစ်မပေးလောက်ပါဘူး 🥺
အရမ်းကြာမှ update ဖြစ်လို့ Sorry ပါနော် ဟီး
ထုံးစံတိုင်း ပိုတာလိုတာလေးတွေသည်းခံပေးပါဦး လို့😬