32

1.9K 39 12
                                    

"Happy Birthday Dear Thansin Cho Happy Birthday to you.... 🎉🎊 cheer🍻"

ခွက်ချင်းတိုက်ပြီး A သတိလွတ်စွာပင် ဝိုင်ခွက်ကို ကောက်မော့လိုက်သည်
alchol % များပုံပေါ်သည် လည်ပင်းထဲ ပူခနဲဝင်ဆင်းသွားသည်

ထိုအခါမှ မမနှင့်ပြောခဲ့သော စကားများ A သတိရမိသည်

ကိစ္စတော့မရှိလောက်ပါဘူး ဝိုင်လေး ၁-၂ ခွက်ဘဲဟာ ငါမမူးရင် ဘယ်သူမှမသိပါဘူး

"ဒီတစ်ခါ အားလုံး One shot နော်..."
မွေးနေ့ရှင် အသံကြားရင်း တစ်ခါထဲနှင့်တစ်ခွက်အမြန်မော့ချလိုက်သည်

A ခေါင်းထဲ မူးရိပ်ရိပ်ဖြစ်လာသည် ဘယ်လ်ိုဖြစ်သွားတယ်မသိလိုက် A ပတ်ဝန်းကျင်မှအသံတွေကြားတစ်ချက် မကြားတစ်ချက်ဖြစ်လာသည်

"မာမီရေ.... မာမီ!!!!!!! A ပြန်လာပြီ"

အိမ်ရှေ့ဘက်က အော်သံတွေကြားမိတော့ ဝင့်ဝါ ဝရံတာဘက်ထွက်ကြည့်မိသည်

ဟိုဘက်ခြံရှေ့မှ A နဲ့သူ့သူငယ်ချင်းတသိုက်အသံပါ့လား ဒီကောင်မလေးကတော့ ထင်ထားတာထက်ပိုဆိုးတာကို လုပ်ချလာလိုက်တာဘဲ

"အန်တီ ကျွန်တော် ထားခဲ့ပြီနော် တခြားသူငယ်ချင်းတွေလည်း လိုက်ပို့ပေးရဦးမှာမို့ ခွင့်ပြပါဦးဗျ"

"အေးအေးသားလေး ဖြည်းဖြည်းသွားနော် A ကိုဂရုတစိုက်ခေါ်လာပေးလို့ကျေးဇူးပါကွယ်"

"ဟုတ်ကဲ့ဗျ ရပါတယ်အန်တီ"

"ဘယ်လိုတွေတောင် မူးရူးလာလိုက်တာလဲ A ရယ် အကျီတွေပေါ်မှာလည်း အန်ထားတာ ပေကျံနေတာဘဲ"

"အင့် ... မူးတယ် ကယ်ပါဦး မာမီ အရမ်းမူးတယ်ခေါင်းထဲမှာ"

"မသောက်ဖူးဘဲ ဘယ်လောက်ထိများသောက်လာတာလဲ ခုတော့ဖြစ်ပြီလေ"

ယိုင်ထိုးနေသော ခန္ဓာကိုယ်ကို အိမ်ပေါ်ထိတွဲတင်လာရင်း ကိုယ်လက်သန့်စင်ပေးကာ အိပ်ယာဝင်စေတော့သည်

At 9 am......

"ကျစ်...ကျစ် မူးလိုက်တာ အရမ်းဘဲ"

ဒါနဲ့ ငါညက တော်တော်ကိုမူးလာလိုက်တာလား.... သေပါပြီငါတော့ ဒီတစ်ခါတော့လွတ်လမ်းမရှိတော့ဘူး....

Koe Koe's BaeWhere stories live. Discover now