"A အသီးအရွက်တွေ ဖယ်မစားနဲ့ ထည့်ပေးတာအကုန်စား"
"မမကလည်း A မှမကြိုက်တာ နည်းနည်းလေးစားပြီးပြီလေခုနကဘဲ"
"မမA မကြိုက်ရင် ထွေးထွေး ဖယ်ပေးမယ်နော် အသားလေးရွေးထည့်ပေးမယ်"
"မလိုဘူး ထွေးထွေး ဘယ်လောက်မှများတာလည်း မဟုတ်ဘူး A အကုန်စားနိုင်ပါတယ်"
"A အသီးအရွက် ဒီလောက်လေးက်ို ဂျီးများမနေနဲ့ စားဖြစ်အောင်စား တစ်ဇွန်း လောက်လေးထည့်ပေးထားတာကို ဟိုရွေးဒီရွေးနဲ့ ထိုင်ကြည့်နေမယ် သေချာစား"
"မမကလည်း ..."
ဘေးတွင်လာရပ်နေသော ထွေးထွေးကိုကြည့်ကာ မျက်နှာရှုံ့မဲ့ပြလိုက်သည်။"ဘာမှမျက်နှာ ရှုံ့ပြမနေနဲ့ A ထွေးထွေးကို ငါကိုယ်တိုင် ချက်ခိုင်းထားတာ နေက်လည်း စားရမယ် ခုကတည်းက လေ့ကျင့်ထား"
"ဟုတ်ကဲ့မမ"
မမကျေးဇူးနဲ့ အသီးအရွက်ကြော်လေး တစ်ဇွန်းစာကို နာရီဝက်ခန့်ကြာအောင် ထိုင်ဝါးစားပြလိုက်ရသည်။
A ခံစားလို့ကိုမရဘူး ဒီအစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို...
At 8:pm
Ting...Ting....
20 mins ago... ဆိုသည့် comment မြင်ပြီး A မူးသာလဲလိုက်ချင်မိသည်။
Facebook post တစ်ခုအောက်တွင် A နှင့်သူငယ်ချင်းအဖွဲ့များ ဆေးပုံများနဲ့စရင်းနောက်ရင်း
ချိုသံစဉ် မန့်ချလာသော ပုံအားမြင်ပြီး A ခေါင်းနပန်းကြီးသွားရသည်။တီ...... တီ ..... တီ..... တီ.....
"ချိုကလည်းကွာ အရေးအကြောင်းဆို ဖုန်းမကိုင်ဘူး"တီ....တီ...
"Hello A "
"အေး စိမ်းလား ငါ့ကိုကယ်ပါဦးဟာ ချို comment မန့်လိုက်တဲ့ပုံက တကယ့် ပြသနာပုံကြီး မမမြင်ရင် ငါသေမှာ နင်ကလည်း သူ့ကိုသေချာမပြောထားဘူးလား"
"ငါအဲ့နေ့ညထဲက ပြောပါတယ် A ရယ် ချိုသံစဉ်မကတော့လေ လုပ်လိုက်ရင် တကယ်တလွဲချည်းဘဲ ဒါနဲ့ နင့်မမက ချို့ comment ကပုံအထိတော့မတွေ့လောက်ပါဘူးဟ ငါသူ့ကိုမြန်မြန် ဖျက်ခိုင်းလိုက်ပါမယ်"
"ဟာ နင်ကလည်း မမဝင့်ဝါက နင်တို့အားလုံးနဲ့ Friend လေ အခုချိန်မှာသူ facebook ထမသုံးတာ ကျေးဇူးတင်ရမယ် ချိုကငါဖုန်းဆက်တာပါ မကိုင်လို့ တစ်ခုခုကြံပေးဦး စိမ်းရေ"