"အပြစ်လုပ်ထားပြီး ဘာတွေကြောက်နေတာလဲ မင်းသေချာခံယူရမှာပေါ့ ကလန်ကဆန်ပြန်ပြောနေတဲ့အကျင့်တွေကို ဟိုတစ်ခါထဲက ငါမကြိုက်ဘူးပြောပြီသား မင်းပြင်လား ဟမ်"
"ပြင်ပါ့မယ် အီးဟီး ပြင်ပါ့မယ်ကိုကို ပန်မှားတာပန်သိပါတယ်"
"ဘာလုပ်ရသေးလို့ မျက်ရည်ကကျနေတာလဲ ကလေးမဟုတ်တော့ဘူးလို့ပြောတာ မင်းမဟုတ်ဘူးလား
ရှေ့လျောက်မင်းကိုလူကြီးလိုဘဲဆုံးမတော့မယ်""ဟင့်အင် မလုပ်ပါနဲ့ လူကြီးလိုကြီးမဆုံးမပါနဲ့ ပန်မှားသွားပါတယ် ဒီတစ်ခါလေးပန့်ကိုခွင့်လွှတ်ပေးပါကိုကို
ကိုကိုကို မူးအောင်မသောက်ဘူး ကတိပေးပြီးလည်း မူးအောင်သောက်ခဲ့မိတယ်
ကိုကိုကိုလည်း ရှောင်နေခဲ့မိတယ်
ကိုကိုကိုလည်းပြန်ခံပြောမိပါတယ် ပန်အမှားတွေပန်သိပါတယ် ကိုကို ဟင့်.....ဟင့်""မင်းတစ်ခုမေ့နေတာဘာလဲသိလား"
"ပန် မသိဘူးကိုကို"
"ရတယ်လေ စဉ်းစားထားမင်းသိတဲ့အချိန်မှပြော ခုတော့ကြိုးဖြေပေးလိုက်မယ် နောက်တစ်ခါဆို မင်းစမ်းရဲဖို့ဘဲလိုတယ်နော်ပန်"
"ဟုတ် ဟုတ်ကိုကို ဟင့်"
"လာ အခုဒီနားလာရပ်"
ကိုကိုအနားကို တစ်လှမ်းချင်းတိုးသွားမိတော့သည်
ကိုကိုလက်ထဲကကိုင်ထားတဲ့ဝါးခြမ်းစိမ်းတွေက တကယ်တော့ ပန်အလှပျိုးမယ်ဆိုပြီး သဘောကျလို့ဝယ်ခဲ့တဲ့ နိုင်ငံခြား ဝါးပင်မျိုးစိတ်တွေပါ ခုလို ကိုယ်စိုက်ကိုယ်စားရမယ်မှန်းသိရင် မစိုက်ခဲ့ပါဘူး😭"ဘာသံမှမထွက်နဲ့ မငိုနဲ့ မရုန်းနဲ့ ညွတ်ကျသွားတာမျိုးမဖြစ်စေနဲ့ မဟုတ်ရင် အချက်ရေတိုးရိူက်မယ်"
"ဟုတ်ကဲ့ ကိုကို ဟင့်ဟင့်"
ရှိုက်သံလေးမထွက်မိအောင် သာကြိုးစားနေလိုက်တော့သည်
"ဖြောင်း ဖြောင်း ဖြောင်း"ခြေသလုံးပေါ် တရစပ် ကျလာတဲ့ပြင်းထန်တဲ့အားနဲ့လတ်ဆက်တဲ့ဝါးခြမ်းရဲ့ ပေါင်းစပ်မှုက အသဲထဲဦးနှောက်ထဲအထိပါစွဲသွားစေသည်
ဒီပုံတိုင်းဆို ပန်တော့ကြာကြာခံနိုင်မယ်မထင်
အိမ်နေရင်း ချည်ဝမ်းဆက် ပေါင်လယ်လောက်ဘဲရှိတဲ့ဘောင်းဘီတိုလေးဝတ်မိတာကိုက ကိုယ့်အပြစ်တွေပါဘဲလေ..... မဟုတ်လည်းကိုကိုက ချွတ်ရိုက်မှာ
YOU ARE READING
Koe Koe's Bae
Romantikသိပ်ဆိုးနေပါ့လား ချစ်ပေမဲ့ ကိုယ်အလိုမလိုက်ဘူးဆိုတာမင်းသိပါတယ်