A ကားပေါ်ကဆင်းရမလား မဆင်းဘဲနေရမလား အကြိမ်ကြိမ်တွေးရင်း ကားပေါ်မှဆင်းပြီးမမနောက် လိုက်ရန်သာဆုံးဖြတ်လိုက်သည်။
ကားပေါ်တနေကုန် နေမှမနေနိုင်ဘဲအိမ်ပေါ်အခန်းထဲ ဝင်သွားသည်မို့ A နောက်ကလိုက်ဝင်ရန်ပြင်တော့သည်။
"ဒေါက် ....ဒေါက်..."
"A ပါ မမ ဝင်ခဲ့မယ်နော်"
"ဆရာဝန်ခေါ်ပြီး ဆေးထိုးသင့်တယ်မလား"
အခန်းထဲဝင်ဝင်ချင်း ရင်ဘက်ကိုဒိန်းခနဲတွန်းကန်လိုက်သလိုပင်ခံစားလိုက်ရသော စကားလုံး"ဟင် A....A ဆေးမထိုးချင်ဘူးမမ အန်လည်းမအန်ချင်တော့ဘူး"
"မရဘူး"
"A ကဟိုလိုအစာအိမ်ရောဂါကြီးဖြစ်တာမှမဟုတ်တာ မမကလည်း မလိုပါဘူးအဲ့လောက်ထိ ဒီနေ့ကစားတာလည်းများသွားလို့ အန်တာပါ တခြားကြောင့်မဟုတ်ပါဘူး"
"အင်းအခုတော့ အများကြီးစားခဲ့မှန်းဝန်ခံပြီပေါ့"
A 's Pov: ငါကိုက လျာရှည်ပြီးမမနောက်လိုက်လာမိတာကို မှားတာ"ဟုတ် ဒါပေမယ့် A အကုန်ကောင်းတာမို့ ဆေးတော့မထိုးပါရစေနဲ့နော်မမ"
ဆေးထိုးအပ်ကြောက်တာလည်းသူ မတည့်တာစားတာလည်းသူကိုယ်တိုင်ဖြစ်နေသော ကလေးမကို ဝင့်ဝါဒီတစ်နည်းနှင့်ဘဲနိုင်တော့သည်။
"စကားနားမထောင်တဲ့ကလေးတွေက ဆေးထိုးခံသင့်တယ်မဟုတ်ဘူးလား"
"A ...A ပြန်တော့မယ်..""ဘယ်ကိုလဲ"
"အိမ်ကိုပြန်မှာ မမက A ကိုခြိမ်းခြောက်နေတာ A မနေတော့ဘူးမမအိမ်မှာ A ပြန်မယ်"
ဟုဆိုပြီး တံခါးဆွဲဖွင့်ပြီး ပြေးထွက်မည်အပြု
"စမ်းရဲရင် စမ်းကြည့်လိိုက်စမ်း A"
"အီး.... မမက A ကိုနှိပ်စက်နေတာ A မနေတော့ဘူးမမနဲ့ ပြန်မယ်"
"ငါ အန်တီမြင့်ကိုဘဲ တိုင်လိုက်ရတော့မလား စကားနားမထောင်ပါဘူးလို့"
"ဟင် မေမေ့ကိုလည်း မတိုင်ပါနဲ့"
သူ့မေမေနဲ့တိုင်မှာတော့ကြောက်သား ငိုနေတဲ့ကြားထဲကခေါင်းလေးထောင်ပြီဖြေရှာသည်။