ကိုကိုနဲ့အန်တီလေးတို့ ထွက်သွားပြီး မကြာမီ ပန်နဲ့A လည်းသူငယ်ချင်းတွေနဲ့ချိန်းထားတဲ့ shopping mall သို့ထွက်လာခဲ့လိုက်သည်။
"သူငယ်ချင်းတို့ ဒါငါနဲ့ညီအစ်မဝမ်းကွဲတော်တယ် နာမည်က ပန်လေးတဲ့"
"ပန်လေး ဒါ စိမ်းနဲ့ချိုသံစဉ် တဲ့"
"ဟီး တွေ့ရတာဝမ်းသာပါတယ်နော် စိမ်းနဲ့ချိုဲစဉ်"
"တို့ကို ချိုလို့ဘဲခေါ်နော် နာမည်အရင်းကြီးခေါ်ရင်သူစိမ်းဆန်သလိုခံစားရလိူ့"
A သူငယ်ချင်းများရဲ့ ပျူငှါမှုကြောင့် ပန်နေရတာ သက်သောင့်သက်သာဖြစ်လှသည်။
At 5:00pm ::::
"ကဲ လည်စရာရှိတာလည်း လည်ပြီးပြီဆိုတော့ ငါတို့ပြန်တော့မယ်ဟာ"
"ဟဲ့ နေပါဦး နင်တို့ကလည်း အစောကြီးရှိသေးတာကို"
ချိုနဲ့စိမ်းထံမှ တပြိုင်ထဲထွက်ဆိုလာသော အသံဖြစ်သည်။
"အဲ့တာဆို ဘယ်သွားစရာရှိသေးလို့လဲ ပြောပါဦး အရမ်းနောက်ကျလွန်းနေရင်လည်းမကောင်းဘူးဟ မေမေဆူလိမ့်မယ်"
စိမ်း:::::::: "ဆူမဲ့လူက မေမေလားမမလား သေချာပြောပါဦး A ရဲ့ ဟွန့်နော် ငါတို့မသိတာကျလို့"
ချို:::::::::: "နင့်မမကလည်း နင်နဲ့ချစ်သူတွေဖြစ်နေတာတောင် နင့်ကိုထိန်းချုပ်ထားတုန်းလား ငါတို့တော့ အစကသင်တန်းမှာစတွေ့တုန်းငညီအစ်မဝမ်းကွဲတွေဘဲထင်နေတာ နင်ကြောက်ရလွန်းလို့"
"ဟာ နင်တို့ကလည်း အဲ့လိုတော့မထိန်းချုပ်ပါဘူး ဒါပေမဲ့ လွန်လွန်ကျွံကျွံဖြစ်လာရင်တော့ ငါ့ကိုသတ်မှာပေါ့ မေမေကသူ့ကိုအာဏာအကုန်လွှဲထားတော့ ငါ့မှာမကြောက်လို့လည်းမရဘူးဟေ့"
"ဟူတ်ပါပြီရှင် ဟုတ်ပါပြီ"
ချို::::::: "ငါတို့ လူစုံတုန်းတစ်နေရာသွားကြမလား"
A:::::::: "ဘယ်လဲချိုရဲ့ မဟုတ်တာတွေတော့မပြောနဲ့နော်နင် ငါအချိန်သိပ်မရတော့ပါဘူးဆို"
စိမ်း::::::: "ဟာ A ကလည်း ၁ နာရီကျော်လောက်ဘဲထိုင်မယ်လေဟာ ပြီးပြန်မယ်"