ငြိမ်း အခန်းထဲမာပဲနေရင်းနဲ့ ကျန်းမာရေးသွားချင်လာတာကြောင့် အခန်းလေးထဲကနေထွက်ပြီး ကျန်းမာရေးသွားတဲ့နေရာကိုသွားလိုက်တယ်
ကိစ္စပြီးတော့ အခန်းထဲကအထွက် အခန်းရှေ့ကိုမကြည့်ပဲ ထွက်မိတာ လူတစ်ယောက်နဲ့ တိုက်မိတာ...
"အင့်"ခနဲပဲ
အပေါ်ကို မော့ကြည့်တော့ လူကြီးတစ်ယောက်
ချောတဲ့လူကြီး ဒါပေမယ့် ကြောက်တယ်
မေမေလေးပြောထားတယ် ထွက်ရင် အမှောင်ခန်းထဲ ပိတ်မာတဲ့"ဟင့်"
မင်းသခင် သူ့ရှေ့က အဖြူကောင်လေးကိုကြည့်နေတုန်း မျက်နှာလေးက ကြည်မလိုလိုနဲ့ မဲ့ကျလာကာ မျက်ရည်ကြည်လေးတွေ ဝိုင်းလာတာ ငိုမဲ့မဲ့လေးဖြစ်လာတာ မလို့ ကပြာကယာ စကားပြောရတော့တယ်
"ဟာ...ဖြူလုံးလေး ကိုယ်ဘာမှမလုပ်ဘူးလေ မငိုနဲ့မငိုနဲ့"
ချော့ကာ ပြောသော်လဲ"ဟင့်" မျက်ရည်လေးတွေသာအဆက်မပြတ်ကျလာပါပြီ
"ဟောဗျာ ကျစ်!" မင်းသခင် စိတ်မရှည်နိုင်တော့
"မင်းငိုတာရပ်မလား ကိုယ်နမ်းရမလား ရွေးတခု"
ခြောက်သလိုပြောလိုက်တော့"အင့်....ဟင့်...ဟင့်" ရှိုက်သံလေးတွေသာ အဆင်မပြတ် ပိုထွက်လာပြန်တော့လဲ မင်းသခင်တို့ ပြာယာခတ်ရပြန်ပြီပေါ့ကွာ
ငြိမ်းကို အမှောင်ခန်းထဲထည့်တော့မယ်ထင်တယ်
အင့် အဲ့ အမှောင်ခန်းထဲမသွားချင်ဘူး ပြီးရင် ထမင်းလဲမကျွေးဘူး ကြွက်ကြီးကြီးရှိတယ်ကြောက်တယ်ငြိမ်းဟာ တဖက်လူပြောသမျှကို မကြားနိုင်အောင်ထိ အတွေးလွန်နေပါတော့တယ်
ကျစ် မင်းသခင်ဘဝမာ စိတ်အရှည်ဆုံးထားဖူးတာ ဒီတခါပဲရှိသေးတယ် ရှေ့ကအကောင်ပေါက်ကို စိတ်ရှိလက်ရှိ လုပ်လိုက်ရင်တော့ ဟင်းးးးး
"ရွှတ်"
"အမ်"
ပါးနမ်းသံနဲ့အတူ အဖြူကောင်လေးဆီမှ အံ့ဩစွာထွက်လာတဲ့အသံလေး ကျစ် ချစ်စရာလေးကွာ"ကိုယ်ပြောတယ်နော် အငိုမတိတ်ရင် နမ်းမယ်လို့ နောက်တခါဆိုရင်တော့ ပါးမဟုတ်လောက်တော့ဘူးး အဟင်းး"