ရာသီဥတု သာယာနေတဲ့ နေ့လေးတစ်နေ့မှာ အရာရာဟာ ကံကောင်းခြင်းတွေနဲ့ အစပြုလေ့ရှိတတ်ပါတယ်တဲ့ ။ ဒါလေးက တချို့ လူတွေရဲ့ အဆိုလေးတွေပေါ့။ ငြိမ်းလွှမ်းရိပ်ဆိုတဲ့ ကောင်လေး တစ်ယောက်အတွက်တော့ မဟုတ်ဘူးတဲ့။
ဘာလို့လဲလို့ မေးခဲ့ရင်...................."ငြိမ်းလွှမ်းရိပ်!!!! ဟဲ့ ထစမ်း ဒီနေ့ ဧည့်သည်လာမာ သွား ထမင်းသွားချက်"
ဒီစကားသံလေးတွေဟာ ငြိမ်းလွှမ်းရိပ်ဆိုတဲ့ ကလေးငယ်လေးအတွက်တော့ ရိုးအီနေတဲ့ စကားလေးတွေပေါ့
မေမေလေး (ခေါ်) မိထွေးဖြစ်သူရဲ့ အသံကြောင့် ကမန်းကတန်း အိပ်ယာထကာ မျက်နှာသစ် ဝေယာဝစ္စ မြန်မြန်လုပ်ဆောင်နေပါသော အဖြူကောင်လေး...
ကိုယ့်ဝေယာဝစ္စပြီးတာနဲ့ အောက်ထပ်တန်းဆင်းကာ အိမ်မီးဖိုချောင်ထဲ အမြန်ပြေးဝင်သွားပါသောအဖြူလုံးလေး
ဒါကိုမြင်တဲ့ ခင်မာယာကတော့
"ဒီနေ့ အိမ်ကိုဧည့်သည်လာမှာနော် အလုပ်တွေပြီးရင် အခန်းထဲက အခန်းပြင် မထွက်ရဘူး ကြားလား"
ပြောတော့လဲ ခေါင်းညှိတ်ပြရှာသော အဖြူလေးရယ်ပါ
"ထွက်လာရင် သေမယ်နော် အမှောင်ခန်းထဲကို ပိတ်ပစ်မယ်!!"
"ဟင့်" ကြောက်လွန်းလို့ ရှိုက်သံလေးထွက်လာရတော့သည်။
"ငါမရိုက်ရသေးဘူးလေ စောက်မျက်ရည်က ထွက်ပြီ စောက်ခြောက်ကောင်က ပိုကိုပိုလွန်းတယ်"
"အမေရယ် အခြောက်ပါဆို နွဲ့တာပေါ့ အ့တာကြောင့် သူ့ကို လူကြားထဲမခေါ်ချင်တာ"
ဒါဟာ ဒေါ်ခင်မာယာရဲ့ မယားပါသမီး ခင်မျိုးနွယ်ထံမှ ထြက္လာတဲ့ စကားး
"ဟဲ့ ချက်ပြီးရင်လဲ မနေ့က ငါလျော်ထားတဲ့ ထဘီ သွားရုတ်ပြီးမီးပူတိုက်ပေး မြန်မြန်လုပ်နော်"
ခေါင်းလေးညှိတ်၍ ခိုင်းသမျှအလုပ် တကုတ်ကုတ် လုပ်နေရှာတဲ့ အဖြူကောင်လေးဟာ ဘယ်တော့များမှ ကံကြမ္မာက မျက်နှာသာပေးခြင်းကိုခံရမည်လဲလေ။
ငြိမ်းလေး အလုပ်တွေအကုန်ပြီးသွားတဲ့ အခါမှာတော့ အခန်းလို့မဆိုသာတဲ့ ကိုယ်ပိုင်အခန်းလေးကိုသာ ဝင်သွားပါတော့တယ်။

YOU ARE READING
မောင့်ရဲ့ငြိမ်း
Roman d'amourမောင့်ရဲ့ငြိမ်းချမ်းမှုတို့တည်ရှိရာ တစ်ခုသောရပ်ဝန်းလေး