နေ့တစ်နေ့မှာ လူတွေရဲ့ ပုံမှန်အလုပ်တွေလုပ်သလိုပဲ နေမင်းကြီးကလဲ သူ့တာဝန်အတိုင်း ထွက်ပေါ်လာပါတော့တယ် နေရောင်ခြည်စလေးတွေက အခန်းသေးသေးရဲ့ ပြတင်းပေါက်ကို ဖြတ်ကာ ဝင်းမွတ်နေတဲ့အသားအရည်ပိုင်ရှင်ရှိသူလေးရဲ့ မျက်နှာပေါ်သို့ ဖြာကျလာပါတော့တယ်။ဒါကို ထိုင်ကြည့်နေသူကတော့ မင်းသခင်တဲ့လေ။
'မင်းက မနက်ခင်းမာတောင် ကြည့်မိသူတိုင်းရဲ့ရင်ကို ငြိမ်းချမ်းစေတယ် မင်းကဘာလေးလဲကွာ ကျစ်'
အိပ်နေတဲ့အကောင်ပေါက်လေးသာမသိပေမယ့် သူ့ကိုထိုင်ကြည့်နေတဲ့သူကတော့ စားမတတ်ဝါးမတတ်ကို ကြည့်နေသည်မာ အချိန်ပင် တစ်နာရီပြည့်တော့မည်။
'အာာငါဒီတိုင်းနေလို့မဖြစ်သေးဘူး သူလေးကိုအိမ်ခေါ်ဖို့လုပ်ရဦးမယ် အဟင်းးခဏလေးပဲစောင့်နေလိုက် ကလေး ဒါပေမယ့် မင်းကိုယ်တိုင်ပါဝင်မှရလိမ့်မယ်'
မင်းသခင်အခန်းထဲက ဘယ်သူမှမသိအောင်ထွက်၍သူ့ကိုပေးထားသော အခန်းထဲတွင်သာဝင်နေလိုက်သည် ဟုတ်တာပေါ့ အကောင်ပေါက်လေးကို ခေါ်ဖို့ အစီစဉ်ထိုင်ဆွဲနေတာဆို ပိုမှန်ပေလိမ့်မည်။
ငြိမ်းအိပ်ယာကနိုးလာတော့ ထူးထူးဆန်းဆန်း ညကနွေး"ထွေး"အိပ်ခဲ့ရသလို ခံစားရတယ် အရင်ကဆို ညတိုင်းမျက်ရည်နဲ့သာအဖော်ပြုရတာမလို့မနက်ကျ ခေါင်းကိုက်မြဲ အင်းးထားပါ မနက်စာမေမေလေးတို့အတွက်ပြင်ပေးမှ ။ ငြိမ်း တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ပြီး မနက်စာစတင်ချက်ပြုတ်တော့သည်
"ဟဲ့ မြန်မြန်လုပ်ပြီးရင် အခန်းထဲဝင်တော့ ဧည့်သည်နင့်ကို မမြင်စေနဲ့ ကြားလား မြန်မြန်လုပ်"
"....." ခေါင်းလေသာညိတ်ပြနိုင်သော အကောင်ပေါက်လေး
ငြိမ်းလဲ ချက်ပြုတ်ပြီးတော့ အပေါ်ထပ် အတက် အပေါ်ကနေဆင်းလာတဲ့ မနေ့ညကတွေတဲ့ လူကြီးကိုတွေ့လိုက်တာမို့ ဧည့်သည်ဆိုတာ သေချာပါသည် ဘယ်လိုလုပ်ရပါ့ ကိုယ်ရောက်နေသည်က အပေါ်ရောက်ဖို့တစ်ထစ်ပဲလိုတော့တာ သူကအ့မာ ဟူးးးမထူးပါဘူး မသိချင်ယောင်ဆောင်ပြီးသွားရမယ် ပြီးမှအရိုက်ခံရမာပေါ့
မင်းသခင် သူ့ရှေ့မာ ခေါင်းညိတ်လိုက်ခေါင်းခါလိုက်လုပ်နေသောအကောင်ပေါက်ကို ကြည့်တာ အသည်းယားလာပြီ ကျစ် စိတ်ရှိလက်ရှိ လုပ်ရရင်တော့ကွာ ဟူးးးစိတ်လျော့မင်းသခင်စိတ်လျော့
မင်းသခင်ကြည့်နေစဉ်အကောင်ပေါက် အပေါ်ကိုတက်လာကာ သူ့အခန်းထဲဝင်တော့မည်ထင် မဖြစ် သူ့အစီအစဉ် အခုလုပ်မှရမယ် အင်းးအနာခံမှ အသာစံရမာ ချကွာ
"အားးး"
"ဝုန်းးးးးး"
"ကိုမင်းသခင်" "မောင်မင်းသခင်"
အသံတွေဟာပြိုင်တူထွက်လာတော့သည်။
"ဟယ် အမေလုပ်ပါဦး ခေါင်းမှာသွေးတွေနဲ့ ဆေး ဆေးရုံကားခေါ် ခေါ်ရအောင် အမေ"
နန်းဆိုသော မိန်းမပျိုမာ စကားတွေပင် ထစ်လို့(ခင်နန်းစုကို နန်းလို့ပြောင်းသုံးထားပါတယ်နော်)
"အေးအေး အမေသွားခေါ်မယ်"
နန်း ကိုမင်းကိုပွေ့ရင်းအပေါ်မော့အကြည့်
"ဟင်..အခြောက်ကောင် နင် နင်လုပ်လိုက်တာလား ဟုတ်လား အောက်တန်းကျလိုက်တာ "
အခုထိ ရုတ်တရက်ဖြစ်သွားသော ရှုပ်ထွေးလှတဲ့ အဖြစ်အပျက်ကြောင့် ကျောက်ရုပ်လေးပမာ ကြောင်အနေမိသော ငြိမ်းလေးရယ်ပါ
ငြိမ်းကိုမမအော်မှ အသိပြန်ကပ်ကာ ခေါင်းသာအဆက်မပြတ်ခါမိသည် သူမှစကားမပြောနိုင်တာ ပြောပြတော့ရောယုံမည်တဲ့လားး"နင်မငြင်းနဲ့ နင်လက်ပူးလက်ကြပ်မိထားတာကို နင်နဲ့ပြီးမှတွေ့မယ် အောက်တန်းကျလိုက်တဲ့စိတ်ဓာတ်"
"သမီး ဆေးရုံကားရောက်ပြီလာလာသွားမယ် အ့ကောင်ကို ထားခဲ့"
ထိုသို့နှင့် ဆေးရုံသို့ ထွက်သွားကြတော့သည် အိမ်ကြီးထဲတွင်တော့ လှေကားအောက်ခြေက သွေးအကွက်ကြီးနှင့် အပေါ်ထပ်မာ ကြောင်အနေမိသော ကောင်ငယ်လေးတစ်ယောက်.........
ငြိမ်းမလုပ်တာ ငြိမ်းအသိ ပြီးတော့ ဟိုလူကြီးလဲအသိ သူနိုးလာမှ ရှင်းပြခိုင်းရမည် ခုတော့ နားတော့မည်သာ
အခန်းငယ်လေးထဲသို့ ဝင်သွားသော အရိပ်ငယ်လေးရယ် တိတ်ဆိတ်မှုကြီးစိုးသွားသော အိမ်ကြီးရယ်....
ရှေ့ဆက် ဘာတွေများ ဖြစ်လာပါလိမ့်မလဲ.....
AN/ Update မလုပ်ဖြစ်တာက Yoon fic လေးကိုဖတ်သူသိပ်မရှိတာရယ် မကောင်းဘူးလို့ ထင်မိနေလို့ပါရှင့် အခု အတတ်နိုင်ဆုံး Update ပေးပါမယ်နော် ဖတ်သူ တစ်ယောက်ရှိလဲ တစ်ယောက်ပေါ့ ဖြစ်နိုင်ရင် အရေးအသား Review လေးပေးစေချင်ပါတယ်🥺
If you like my fic please click star
