ဘာလိုလိုနဲ့ ငြိမ်း ဟိုလူကြီးအိမ် ရောက်တာ တစ်လပင်ပြည့်တော့မည်။ ဟိုလူကြီးနာမည်က......
မင်းသခင် တဲ့လေ ......နာမည်လေးက တမျိုးလေးပေမယ့် ငြိမ်း ကြိုက်တယ် အင်းးး မင်းသခင် ဆိုတဲ့ နာမည်ကိုရော လူကြီးကိုရော ပေါ့ဒါပေမယ့် ဒါဟာ စိတ်ထဲပဲ ထားသင့်တဲ့အရာမှန်း ငြိမ်းသိပါတယ်......ဘဝချင်း အဆင့်ချင်းက ကွာခြားနေတာမလို့ ...... ဘယ်လိုမှ မဖြစ်နိုင်တဲ့ ဇာတ်လမ်းကို ငြိမ်း မမျော်လင့်ရိုးအမှန်ပါ။
ငြိမ်းဆိုတာက ထိုလူကြီးရဲ့ ခြေထောက်တွေပြန်မကောင်းခင်အချိန်တစ်ခုအထိ အကူသက်သက်သာ...... ပြန်ကောင်းသွားရင် ငြိမ်းဟာ ကိုယ့်နေရာကိုယ်ပြန်ရမယ့် လူမလို့ ဒီ့ထပ်ပိုပြီး မျော့်လင့်ချက်မထားချင်ပါ။ ဒီတိုင်းးးးငေးကြည့်ရုံနဲ့တင် ပြည့်စုံနေတဲ့ အရာတစ်ခုမလို့........
ထိုလူကြီးဟာ ငြိမ်းအတွက်တော့ မင်းသခင်ဆိုတဲ့ မင်းဟာ ငြိမ်းရဲ့ ထာဝရ သခင် မလို့.......
မောင် ဟု ငြိမ်းအတွက် အ့လောက်ထိ အရေးပါတဲ့ လူသားတစ်ယောက်ပါလေ...မောင်...ဟုတ်တာပေါ့ မောင် ငြိမ်း အမြဲတမ်း ခေါ်ချင်နေတဲ့နာမ်စားလေးဟာ မောင် ဆိုတဲ့ တစ်လုံးထဲသာ......
အသက်အရွယ်ကြောင့်မဟုတ် ဘာကြောင့်ရယ်ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် မဟုတ်ပါပဲ နှလုံးသားထဲက စီးဆင်းလာပြီး ရင်ထဲက အလိုအလျောက် ခေါ်ဆိုချင်နေတဲ့ နာမ်စားလေးတစ်ခုဟာ မောင် တစ်လုံးထဲသာ....
အသံထွက်ပြီး ခေါ်ကြည့်ချင်ပါသည်။
အသံထွက်ပြီး ထိုလူကြီးကိုစကားပြောချင်ပါသည်။
အသံထွက်ပြီး ထိုလူကြီးကို ချစ်ကြောင်းတွေ ပြောပြချင်ပါသည်။
သို့သော် ဒါတွေဟာ အိမ်မက်သက်သက်သာ မဖြစ်နိုင်တော့တဲ့ အရာတစ်ခုကို ငြိမ်း အကြာကြီး မမျော်လင့်ချင်တော့။မျော်လင့်ဖူးလားလို့မေးခဲ့ရင်.............
မျော်လင့်ဖူးတာပေါ့ အဆုံးစွန်ထိ မိုက်ရူးရဲဆန်ခဲ့ဖူးပါသည်။ နောက်ဆုံးတော့လဲ မယုံနိုင်သေးပေမယ့် လက်ခံလိုက်ရသည်ပေါ့။