ဘာလိုလိုနဲ့ ငြိမ်း ကိုယ့်အိမ်ကိုယ်ပြန်ရတော့မယ် ဒီနေ့မှ မောင်ကလဲ အိမ်မှာမရှိဘူး မပြန်ခင်လေး မောင့်မျက်နှာလေးတှသှော့းခငျြလို့ကို......
ဟုတ်ပါတယ် မောင့်ခြေထောက်ဟာ အလုံးစုံပြန်ကောင်းသွားပါပြီ ဒီတော့ ငြိမ်းကိုမလိုတော့ဘူးလေ မောင်ကတော့ ပြန်ဖို့မပြောပေမယ့် ဧည့်သည်ဖြစ်တယ့်ငြိမ်းက အလိုက်သိရမယ်မလား
"ငြိမ်းလေးရေ အောက်မာ ကားရောက်နေပြီနော်"
ငြိမ်းအဝတ်ထုတ်ရင်းအတွေးလွန်နေတာ ကားတောင်ရောက်လာပြီ တကယ်သွားရတော့မာပဲ
အဝတ်လဲများများစားစားမရှိသူမို့ အဝတ်အိတ်လေးပိုက်ပြီး အခန်းထဲက ထွက်လာခဲ့လိုက်တယ် နောက်ဆုံးအကြိမ်အနေနဲ့ မောင့်အခန်းကို သေချာလှည့်ကြည့်ခဲ့ပါသေးတယ်။ နောက်မလာရတော့ဘူးမလား။
လှေကားပေါ်ကဆင်းပြီး အောက်ထပ်အရောက် ဧည့်ခန်းထဲကြည့်မိတော့
ဟင်!
ဒါ မောင် ဘယ်ချိန်ထဲက ပြန်ရောက်နေတာပါလိမ့်
*ဘယ်ချိန်ထဲကပြန်ရောက်နေတာလဲဟင်*
"ခုဏကမှ"
*ဟုတ်*
"ပြန်တော့မယ်ပေါ့"
*ဟုတ်*
"ကျစ်! မင်းဒါပဲပြောနေမာလား "
*....* ငြိမ်းကဘာပြန်ပြောရမာလဲ မပြန်ခင် မျက်နှာလေး တွေ့လိုက်ရပြီဆိုတော့ ကျေနပ်လိုက်ပါပြီလေ.....
"မင်းမပြန်ရဘူး"
*ဟင်...လူကြီးခြေထောက်လဲ ကောင်းသွားပြီလေ *
"မင်း!!! မရှည်နဲ့ မပြန်ရဘူးဆိုမပြန်ရဘူး ပြီးရင် မင်းအိမ်ကလူတွေလာလိမ့်မယ် လာထိုင်နေ"
*ငြိမ်းအိမ်က လူတွေကိုဘာလုပ်မို့လဲဟင် ငြိမ်းဘာသာပြန်လဲရပါတယ်*
"ကျစ်! ရှည်တယ်ကွာ ထိုင်ဆိုထိုင်လိုက်ပေါ့ ဟာကွာ စိတ်မရှည်တော့ဘူး လာ!"
"အင့်"
ငြိမ်း ကို စိတ်မရှည်တဲ့ အသံနဲ့ပြောပြီး လက်ကနေအတင်းဆွဲချကာထိုင်ခိုင်းနေတဲ့လူကြီး ဟင် ငြိမ်း ငြိမ်းက သူ့ပေါင်ပေါ်မာ !!