ညနေအေး ၄နာရီတွင်
အဝေးပြေးလမ်းမပေါ် အချက်ပေးသံများနဲ့
ဘူဆန်ကနေ ယာဥ်တန်းနဲ့ထွက်ခွာလာသော
ကားများဟာ ဆိုလ်းသို့ဝင်တော့မည်သာ။ဒီယဥ်တန်းဟာဘူဆန်တွင်
အစည်းဝေးသွားတတ်ရင်း
ပြန်လာသော အရာရှိအရာခံတစ်ဦးယာဥ်တန်းမို့
ရှေ့နောက်ဝဲယာတွင် လုံခြုံရေးများ
ယာဥ်ကြောရှင်းလင်းရေး များ
ကိုယ်ရံတော်ကားများနဲ့ ကားအားလုံး
ဘေးသို့ချပေးရကာ လုံးဝဟိတ်ဟန်ကြီးစွာသာကြီးလည်းကြီးချင်းစရာ သူဟာ
တခြားလူမဟုတ် ဒီနစ်အစိုးရသစ်၏
ဆိုလ်းမြို့တော်ဝန် အသစ် Jeonမျိုးနွယ်စုမှ
ဂျွန်ဂျောင်ကု သာဖြစ်၏။ဂျွန်မျိုးနွယ်စုဟာ စီးပွားရေး လောကမှာ
မည်သည့်မျိုးနွယ်စုကမှ
ယဥ်မနိုင်လောက်သည်အထိ
နာမည်ကြီးပြီး သန်းကြွယ်သူဌေးများသော
မျိုးနွယ်စုသာ ။ ယခင်မင်းဆက်
နိုင်ငံပိုင်အာဏာရှိသူများထပ်ပင်
သူတို့ကပိုချမ်းသာကြသည်။သို့သော် နိုင်ငံရေးထဲဝင်ရောက်လာသူကတော့
မည်သူကမှမရှိ၊မရှိတာထပ်စိတ်မဝင်စားကြတာများ၏။ မွေးလာထဲက စျေးကွက်စီးပွားရေးကို
ခေါင်းထဲထည့်လာရသူများမို့ နိုင်ငံရေးထက်
စီးပွားရေးလုပ်ငန်းပိုင်းတွေကိုသာအားသာကြ၏။ယခု မြို့တော်ဝန် ရာထူးဆက်ခံလိုက်သော
Jungkookကတော့ အရင်သူ့စီးပွားရေးလုပ်ငန်းများဟာ နိုင်ငံခြားမှာသာအခြေချပြီး ထိုမှာသာ
အနေများခဲ့သူဖြစ် ၏။
သို့သော် မိဘတွေမရှိတော့တဲ့သူဟာ
အဖိုးရဲ့လမ်းညွန်းအမိန့်ပေးမူ့တွေနဲ့လုပ်ငန်းအားလုံး
ခေတ္တခဏ
အဖိုးလက်အောက်ပြန်ထည့်ရင်း..နိုင်ငံရေးလောကထဲ
ဝင်ရောက်လို့လာခဲ့သည်။မလွန်ဆန်နိုင်လို့ ဒီလောကထဲရောက်လာပြန်လားဆိုတော့လည်းမဟုတ်ပြန် သူကိုယ်တိုင်ကလည်း
အသစ်သစ်သောစိန်ခေါ်မူ့တွေကိုစိတ်ဝင်စားသူမို့
ဒီလိုင်းကိုလက်ခံခဲ့၏။သူ့မြို့တော်ဝန်ဖြစ်ဖို့
ပြည်သူတွေနဲ့ထိတွေ့ဘူးတာဆိုလို့...
စအရွေးခံတဲ့နေ့ရယ် မြို့တော်ဝန်ဖြစ်ပြီး
ကျမ်းသစ္စာကျိန်ဆိုတဲ့နေသာရှိ၏။
ကျန်တာသူ၏အဖိုးကပဲနောက်ကနေအစအဆုံးမဲနိုင်သည်အထိ
တာဝန်ယူဖြေရှင်း၏။

YOU ARE READING
မျဥ်းပြိုင် (Completed)
Fanfictionအနီးဆုံးနေရာမှာတူညီစွာရှိတယ် ဆုံမှတ်တွေလည်းတူနေတယ် ဒါပေမယ့် .....မျဥ်းပြိုင်တွေ