အပိုင်း။၃၇။

3.3K 362 409
                                    

ဆောင်းလေအေးအေးတွေထက်
ထိုခလေးငယ်၏ ဥပေက္ခာတရားက
ပိုအေးစက်နေသည့်အလားသာ....

နေခြည် ဆိုတဲ့နာမည်လေးကသာ
နွေးနွေးထွေးထွေးလေး ပေမယ့်
လူလေးကတော့အရမ်းသွေးအေးရက်စက်တတ်၏။

......

တကယ့်ကိုကိုယ့်ကိုမသိတဲ့လူလို
ရှောင်ဖယ်ပြီး မတူသလိုမတန်သလို
ကြည့်ကြည့်သွားတဲ့ကောင်ငယ်လေးဟာ
အနားမှာပိုတိုးပြီးကာကွယ်ချင်အောင်
လုပ်နေသည့်အလားသာ.....

""နေခြည်ရယ်ကိုယ်ကမင်းကို
ယဥ်ယဥ်လေးရူးသွားပြီမို့
ကိုယ်ကမင်းအတွက်ဆို
မျက်ကန်းဆင်တကောင်လိုပါပဲ
အတိုင်းစမဲ့ ရူးသွပ်နိုင်ပြီး
ရိုင်းစိုင်းကြမ်းတမ်းနိုင်တယ်...

မင်းအရမ်းမဆိုးစမ်းပါနဲ့လား
ပြီးအရမ်းလည်းမာနမကြီးပါနဲ့လား
ကိုယ်ကမင်းနဲ့ပတ်သက်ရင်
အရူးသာသာတဖက်သတ်
စွဲလမ်းနေသူမို့နည်းနည်းတော့
ပြန်ငဲ့ကြည့်ပေးပါလားကွာ
နော် ခလေးလေးရယ်""

သူ့မှာကျုရှင်ရှေ့သွားရပ်ကြည့်တိုင်း
ကျောင်းရှေ့သွားခိုးကြည့်တိုင်း
ထိုခလေးရဲ့မျက်မောင်ကြုံ့ပြီး
သူ့ကိုကြည့်လာတာတွေ....

......

မျက်စောင်းနဲ့လှမ်းနှိမ်တာတွေကို
သူကသာယာနေမိတာဆို
အရူးလိုထင်ကြမှာပဲ
မတတ်နိုင်ဘူး ဒီခလေးလေးကြောင့်
သူရူးရတော့မှာ......

=====

အိမ်ယာမဲ့ကြီးဆိုတဲ့
ထိုလူကြီးဟာနေ့တိုင်းနေ့ခြည့်ကို
သွားသွားခိုးချောင်းနေတာကို
ကျောင်းကလူတွေကလည်းရိပ်မိကုန်ကာ
နေခြည့်ကိုစကုန်ကြတော့၏

"နေခြည်မင်းက်ု
ဟိုလူကြီးလာကြည့်နေပြန်ပြီ
မင်းကိုကြိုက်နေတာလားမသိဘူး
သူက"

"ရာရာစစ
သူ့အဆင့်နဲ့ငါ့ကိုကြိုက်နေတော့ရော
ငါကဘာခံစားပေးရမှာလဲ....
..
လမ်းဘေးတေအဆင့်က
ငါ့ကိုမှန်းလို့ရမယ်လို့ထင်နေကြတာလားး"

"အယ်...နေခြည်ရယ်အချစ်က
အဲ့လိုတွေမလိုပါဘူးချစ်နေဖို့ကအဓိကလေ
သူကလည်းချစ်ခွင့်ရှိပါတယ်"

"မရှိဘူးး သူ့လိုအဆင့်တန်းက
ငါလိုလူကိုချစ်နေခွင့်မရှိဘူး
ချစ်ပိုင်ခွင့်လည်းသူ့မှာမရှိဘူး"

မျဥ်းပြိုင် (Completed)Donde viven las historias. Descúbrelo ahora