အပိုင်း။၁၁။

4.4K 553 392
                                    

"နေခြည် အဆင်သင့်ပြင်ထားတော့
Angelကိုခဏနေသွားဝင်ခေါ်ရမယ်"

"အင်းးး...ငါအဆင်သင့်ဖြစ်နေပါပြီ"

နေခြည်ဟာ ဘာအထုတ်မှမထည့်ထားကာ
တီးရှပ်အဖြူဖားဖားလေးနဲ့အရင်လိုအပြင်ထွက်မယ့်ပုံစံလေး၊

ဒါကလည်းအသေးလေးနဲ့ညွန်ကြားမူ့နဲ့
သူအခုလိုဝတ်ထားခြင်းသာ

"နေခြည် ဒီနေ့ ကွင်းဆက်လူသတ်မူ့နဲ့
ဟိုလူ တရားရုံးသေချာပေါက်တတ်ရမှာရှိတယ်
အယူခံဆက်ဝင်လို့မရတဲ့အမူ့မို့ ဒီနေ့အပြီး
အမိန့်ချလိမ့်မယ် ဒါကြောင့် ဒီနေ့မှ မပြေးရင်
နောက်ရက်တွေမသေချာတော့ဘူး...ပြီး
ငါဒီမှာနေလိုက်တော့နည်းနည်းသိသွားတာတစ်ခုရှိတယ် အဲ့တာက မင်းကို ဟိုလူကြွေနေတာကို
မင်းအိမ်ကလူတွေလည်းတဖက်လှည့်နဲ့သိနေကြတာပဲ။
မင်းအမဆို ပိုတောင်သိအုံးမယ်..."

"အင်း ငါလည်းနည်းနည်းတော့ရိပ်မိသွားတယ်တစ်ခါက ငါဆေးခန်းသွားပြဖို့ အမကိုသူ့ရုံးချိန်းနဲ့ပတ်သက်ပြီးမေးတာ အမကသူ့ပြန်ပြောပြလို့
အဲ့ဒီဆေးခန်းထိသူရောက်ချလာတာလေ"

"မင်းတို့အိမ်က လူတွေကအဲ့ဒီတရားလူကြီးချုပ်ကို
တော်တော်သားမက်တော်ချင်နေတာနော်
သမီးကနေသားဆီပြောင်းလာတာတောင်
လက်ခံမြဲပဲ....
..
အင်းလေ....ကင်မျိုးနွယ်စုရဲ့ဥပဒေဝင်ဆံ့မူ့ကို
ဘယ်လက်လွတ်ခံချင်ပါ့မလဲ"

"သူတို့က ငါ့ကိုချစ်ကြတာမှန်ပေမယ့်
သူတို့ဖြစ်ချင်တာကိုလည်းရအောင်လုပ်ကြတဲ့လူမျိုးတွေ ငါလေ အကယ်၍ သာ အဲ့ဒီလူနဲ့ညားသွားရင်
ကိုယ့်ကိုကိုယ်သတ်သေပစ်မှာ"

"ဟ သေစရာလား မင်းကသူ့ကို
သတ်ရမှာ.. မသေနဲ့ သတ်
မင်းမသတ်ရဲရင်ငါသတ်ပေးမယ်"

"လေကြီးနေပြန်ပြီအသေးလေးရယ်
တော်ပါတော့ နောက်ကျတော့မယ်
ဒါနဲ့
လေယာဉ် က private ကွင်းကနေထွက်မှာလား?"

"အင်းလေ ဖိုးဖိုးမသိအောင်
ငါအကုန်စီစဥ်ပြီးပြီ
Angelကိုငါကဝင်ခေါ်မှာ
မင်းကဒီအတိုင်း ကားတစ်စီး နဲ့ဟိုမှာသွားစောင့်နေ"

"အင်းအင်းအင်း စိတ်ချမယ်နော်
အသေးလေး ငါသွားပြီ"

ကိုယ့်ကိုလက်ပြကာထွက်သွားပြီဖြစ်သော
နေခြည်

မျဥ်းပြိုင် (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ