အပိုင်း။၁၇။ ❤

5K 527 681
                                    

ပြီးဆုံးခဲ့တဲ့အတိတ်ကို
အချိန်ခရီးသွားပြီးပြင်လို့ရခဲ့ရင်
တစ်ခုပဲ လုပ်ချင်မိတယ် အဲ့တာက
လွန်ခဲ့တဲ့ ခုနစ်ကိုပြန်သွားပြီး
ကိုယ့်ကိုကိုယ်သတ်သေလိုက်ဖို့....

ဒါတော့ တကယ်လုပ်ချင်မိတယ်။

========= မျဥ်းပြိုင်========

======= ===== ===== ====

"အသေးလေး ဘယ်လိုကဘယ်လို!
ဘာတွေဖြစ်ကုန်ကြတာလဲ!!
မင်းအဆင်ပြေရဲ့လား"

လက်ထပ်ဖိတ်စာဆိုပြီးအိမ်ရောက်လာတဲ့
ဖိိတ်စာကိုကြည့်ရင်း
သူပါ ကြက်သေ သေခဲ့ရသည်
မဟုတ်ပါလား...

"အသေးလေး ငါမေးနေတယ်လေ
ဘယ်လိုကနေဘယ်လိုဖြစ်သွားတာလဲလို့"

သူ့အားအခုထိစကားတစ်ခွန်းမှ
ပြန်မပြောလာသေးသူ

ကြောင်တောင်တောင် လေးထိုင်နေကာ
စိတ်တွေကလည်းအဝေးကိုလွှင့်နေပုံ

"အသေးလေးအဆင်ပြေရဲ့လား"

"ဟင်!!"

သူကိုယ်ကိုလှုပ်ခါပြီးမေးမှ
အသိကပ်လာသူ

"မင်းအဆင်ပြေရဲ့လား"

"နေခြည်...ငါသေသာသေလိုက်ချင်တော့တယ်"

"ဘာဖြစ်လို့လဲ ဘာလို့လဲငါ့ကိုပြော"

"ငါ့ ငါ့ရဲ့အဲဲ့ဒီအကြောင်းရာတွေထိ
သူကသိနေတယ်နေခြည်
...
ပြီး ငါဖိုးဖိုးကြီးကိုသူနဲ့လပ်မထပ်ချင်ဘူး
ပြောပြီးတောင်းဆိုထားတာကိုသူရိပ်မိသွားပြီ"

"အသေးလေးရယ် ငါအစထဲကမပြောဘူးလား
မြို့တော်ဝန် ကမလွယ်ပါဘူးလို့...
..
မင်းကိုကလျှော့တွက်ခဲ့တာ"

"ငါလေ ငါကြောက်တယ်
ငါ့အားနည်းချက်ငါ့ကိုအခုထိခြောက်လန့်နေဆဲပဲ
မတော်လို့ငါ..."

"တော်တော့အသေးလေး
ဘာမှဆက်မပြောနဲ့တော့
အဲ့လို ဖြစ်မလာစေရဘူး
ငါကိုယ်တိုင် သူ့ကိုတောင်းဆိုမယ်
...
ငါသေချာပေါက်တောင်းဆိုပေးမယ်
...အခုဆို
ဖိုးဖိုးကြီး လည်းသိသွားပြီမို့
သူ့ကိုသေချာပေါက်တောင်းဆိုမှာပါ"
...
...

"ငါကြောက်တယ် နေခြည်
ငါ့အားနည်းချက်ကငါ့ကိုအခုထိခြောက်လန့်နေတယ်"

မျဥ်းပြိုင် (Completed)Opowieści tętniące życiem. Odkryj je teraz