"ဟိုလူကြီး ဘန်အတွက်
ပစ္စည်းတွေဝယ်ရမယ်""အင်းး ကိုယ်သိတယ် "
....သူ့ကိုပင်မကြည့်ကာ
ဒိုဘာမင်ပေါက်လေးကို
ကိုယ်ပေါ်တင်ပြီးတသသဖြစ်နေသော
အသဲလေးကိုကြည့်ပြီး
ထိုခွေးပေါက်လေးကိုပါမနာလိုဖြစ်မိ၏
...အခုမှရောက်လာတဲ့ကောင်က
ပိုအချစ်ခံနေရတာမဖြစ်သင့်ဘူးမဟုတ်လားကိုယ့်ကိုခိုင်းဖို့အမိန့်ပေးနေတာတောင်
မျက်နာကိုတချက်ပင်မကြည့်..ထိုလောက်ထိလူကိုအလေးထား၏။
ဒါပေမယ့် အပြစ်တော့မမြင်ရက်
ကိုယ့်အခြေနေက ဒီခလေးဘာလုပ်လုပ်
အပြစ်မြင်ရလောက်တဲ့အထိ
သန့်ရှင်းမနေဘူးလေ...ဒီခလေးဘဝတဆစ်ကျိုးခဲ့ရတာ
ကိုယ့်မဆင်ခြေမူ့တွေကြောင့်မို့..
ဒီခလေးပေါ်ပိုလို့ပင်ဂရုဏာသက်ရ
မြတ်နိုးနေရရုံကလွှဲ
ဘာကိုမှမစွမ်းသာတော့တာမို့...
ဒီခလေးဘာပဲလုပ်လုပ်
ထားခဲ့ခံရတာကလွှဲကျန်တာ
အကုန်ကျေနပ်နိုင်တာမို့
အားလုံး ကိုလိုက်လျှောနေမိမည်သာ..။"ရှေ့မှာ pet shopတစ်ခုတွေ့တယ်
ဆေးခန်းလည်းတွဲပါတော့
အဲ့ထဲဝင်မလား သဲငယ်လေး""အင်းဝင်လိုက်... ဘန့်ကို
ဆရာဝန်နဲ့ပါတစ်ခါထဲပြလိုက်တာပေါ့...""အင်းအင်းအဲ့တာဆို
အဲ့ဒီပဲသွားကြတာပေါ့"ရှေ့မီးပွိုင့်နားကpet Shopဆီကို
ဝင်နေသောကား....ထိုစဥ်phကလည်းဝင်လာ၏
Noကိုလှမ်းကြည်ချိန်
အံကိုတင်းခနဲကြိတ်မိရင်း
steering wheelကိုကိုင်ထားတဲ့
လက်ကတင်းခဲသွားရ၏"ဘယ်သူလဲ ကိုင်လိုက်လေ"
ဘန့်ကိုပွေ့ရင်းphကိုလှမ်းကြည့်ကာ
ကိုင်ဖို့ပြောလာတဲ့အကြမ်းလေး"အရေးမကြီးဘူး ဒီအတိုင်းထားထားလိုက်"
"ပြီးရောလေ!!"
အသံတွေကရုတ်တရပ်မာနေတာမို့
သူလည်းဘာမှအများကြီးမပြောတော့ကာ
ခွေးလေးကိုပိုက်ပြီး ဆေးခန်းထဲသို့
ဝင်သွားတော့၏။
![](https://img.wattpad.com/cover/321620972-288-k761651.jpg)
ESTÁS LEYENDO
မျဥ်းပြိုင် (Completed)
Fanficအနီးဆုံးနေရာမှာတူညီစွာရှိတယ် ဆုံမှတ်တွေလည်းတူနေတယ် ဒါပေမယ့် .....မျဥ်းပြိုင်တွေ