သုံးလရှိခဲ့ပြီ....
ငရဲပြီးဆုံးခြင်းသုံးလပြည့်ခဲ့ပြီ
ဒါပေမယ့်
ဒါတွေကမနေ့ကဖြစ်ပျက်ခဲ့သလို
ခံစားနေရပြီး
လူတွေကိုလည်းကြောက်သွားခဲ့ပြီ......
...ဒီသုံးလက ကိုယ့်အတွက်
မပျော်ရွင်ခြင်းတွေနဲ့
အမြဲပူလောင်နေခြင်းတွေကသာ
အဖော်ဖြစ်နေခဲ့တယ်။တဖက်သားအပေါ် ကို
ကိုယ့်ခံစားချက်တွေထက်ပိုကြည့်ပေး
ခဲ့တာကိုလည်း နောင်တတွေလည်းရနေခဲ့ပြီ
....
ဒါပေမယ့် ဘာမှမတတ်နိုင်တော့
ခွင့်လွတ်ပေးပါ ပြောဖို့အထိ
မစွမ်းဆောင်နိုင်ခဲ့တော့.......
....တကယ် တော့ ခံစားချက်က
သူ့အပေါ်စစ်မှန်ခဲ့တာ
အစထဲကဆိုတာ အခုလိုဝေးကြမှ
သိခွင့်ရခဲ့တယ်....။ဒါပေမယ့် နောက်ကျသွားခဲ့ပြီ
ကိုယ်က တဖက်လူရဲ့စိတ်ကို
အက်ဆစ်လောင်းပြီးသတ်ခဲ့မိတာ...ကိုယ့်ကိုမှရူးနေသူထက်
ရင်သွေးဆိုတာက်ုပိုမက်ခဲ့မိတာ...ကိုယ်မရှိရင်မဖြစ်တာသိသိကြီးနဲ့ကို
ရူးသွားအောင်လုပ်ပစ်ခဲ့မိတာ...ပူလောင်နေတဲ့နောင်တက လူကို
သတ်နေတာစက္ကန့်တိုင်း...
ဒါပေမယ့် သူကပိုခံစားခဲ့ရမှာသာ...တဖက်သတ်အချစ်က
ဘယ်လောက်ဆိုးခဲ့လိုက်သလဲ၊
စာနာတတ်တဲ့အချိန်မှာအရာရာဟာ
နောက်ကျသွားခဲ့ပြီ။
....
...
သိသိကြီးနဲ့မိုက်ခဲ့တဲ့က်ုယ်က
သူနဲ့မထိုက်တန်တာကို
သိနေတယ်ဆိုပေမယ့်
ထွက်သွားကာမှလက်မလွတ်နိုင်ခဲ့ဘူးကိုယ်ထွက်သွားတုန်းကနေနိုင်ခဲ့ပြီး
သူထွက်သွားကာမှအရူးလို.........
......ကိုကိုလို့ခေါ်ပြီး ချွဲချင်သေးတာမို့..
ကိုကိုပေးတဲ့မေတ္တာတွေကို
ထပ်လိုချင်နေသေးတာမို့နေခြည့်ကိုခွင့်လွတ်ပေးပါလား
ကိုကိုရယ်...နေခြည်မှားမှန်းသိပါပြီ...။
......
.....ငိုနေခြင်းသာသူတတ်နိုင်တော့သည်
![](https://img.wattpad.com/cover/321620972-288-k761651.jpg)
YOU ARE READING
မျဥ်းပြိုင် (Completed)
Fanfictionအနီးဆုံးနေရာမှာတူညီစွာရှိတယ် ဆုံမှတ်တွေလည်းတူနေတယ် ဒါပေမယ့် .....မျဥ်းပြိုင်တွေ