လင်းကြက်သွန်သံထွက်လာပြီခဏအကြာ
မြောက်ဘက်အရပ်စူးစူးမှထွက်ပေါ်လာသောအသံတစ်ခုဟုတ်၏ဒါဟာအစ္စလာမ်ဘာသာဝင်များ၏ဝတ်ပြုရာဗလီဝတ်ကျောင်းတော်မှအာဇမ်ပေးသံသာ
အစ္စလာမ်ဘာသာဝင်များဟာတနေ့ဝတ်ပြုဆုတောင်းငါးကြိမ်ပြုလုပ်သောသာသာဝင်များသာ အခုလည်းရင်အေးဖွယ်ကောင်းသောဖိတ်ခေါ်သံအားတိတ်ဆိတ်စွာနားထောင်ရင်း ဒီရွာရဲ့ဓလေ့ကိုသဘောကျနေမိ၏
ခဏအကြာတောင်ဘက်အရပ်မှထွက်ပေါ်လာသောဘုရားကျောင်းမှခေါင်းလောင်းသံတချို့နဲ့မနက်စောစောပူဇော်ကန်တော့နေပါသောဆာဒူကြီးများရဲ့အသံဟာလည်းငြိမ်းအေးဖွယ်ရာသာ
မတူကွဲပြားမူ့တွေရှိနေပေမယ့်
ချစ်ခြင်းဖြစ်ဖြတ်ကျော်နေသောဒီရွာလေးဟာအရမ်းကြည်ညိုလေးစွာဖွယ်ရာသာindiaမှာ အစ္စလာမ်ဘာသာနဲ့
Hinduဘာသာဝင်များဟာနေထိုင်မူ့အများဆုံးဖြစ်ကြပြီး Hinduဘာသာဝင်ဘုရင်များနဲ့
အစ္စလာမ်ဘုရင်များဟာလည်းတချိန်ကဒီမြေပေါ်တွင်အုပ်စိုးခဲ့ကြသည်မဟုတ်ပါလား Taj mahalကိုဆောက်ခဲ့တဲ့ဘုရင်ကြီးရှားဂျဟန်ပဲကြည့်ယနေ့ခေတ်အထိ ခေတ်အဆက်ဆက် မင်းမျိုးမင်းနွယ်တွေရဲ့မြေးမြစ်တွေဟာသူတို့ကိုယ်ပိုင်နန်းတော်ကြီးတွေနဲ့နေထိုင်ကြတုန်းမဟုတ်ပါလား
Indiaဟာလူတန်းစားနစ်ခုကိုမျက်ဝါးထင်ထင်မြင်ရသောနေရာကမ္ဘာကျော်သူဌေးကြီးတွေလည်းရှိသလိုဆင်းရဲမွဲတေသောလူတန်းစားတွေလည်းရှိ၏
ဒါပေမယ့်indiaသားအများစုဟာအလွှာတိုင်းတော်နေအောင်အမြဲကြိုးစားကြ၏
တခါတလေ
ဘာသာရေးဆိုင်ရာပဋိပက္ခတွေရှိပေမယ့် အတတ်နိုင်ဆုံးသူတို့ဟာသူတို့ပြည်နယ်တွေအားသူတို့ထိန်းချုပ်ပြီးညီမျှအောင်နေကြ၏ ဒါကလည်းချီးကျုးစရာ
အခုရွာလေးပဲကြည့်ဘာသာနစ်ခုအေးချမ်းစွာရှိ၏တညနေလုံးအိပ်ထားတော့
မနက်အစောကြီးနိုးလာမိ၏။
သဲငယ်လေးကတော့တခူးခူးနဲ့အိပ်ပျော်လို့ သူလေးကIndiaရဲ့ရာသီဥတုကိုသာသိပ်သဘောမကျတာ ကျန်တာအကုန်သဘောကျတာမို့ကုတင်ပေါ်မအိပ်ရပဲ မို့သွပ်ထားသောအိပ်ယာခင်းခေါင်းအုံးတွေနဲ့သူအသားကျစွာအိပ်နေခဲ့၏
YOU ARE READING
မျဥ်းပြိုင် (Completed)
Fanfictionအနီးဆုံးနေရာမှာတူညီစွာရှိတယ် ဆုံမှတ်တွေလည်းတူနေတယ် ဒါပေမယ့် .....မျဥ်းပြိုင်တွေ