အပိုင်း။၁၄။

4.4K 532 668
                                    

အကြမ်းလေးဟာ မူးရူးပြီး
မြို့တော်ဝန်ရဲ့ကားနဲ့ပါလာလေခဲ့တော့၏။

ပုံမှန်ဆိုမူးလည်းသူ့ကားသူမောင်းပေမယ့်
မြို့တော်ဝန် က လက်ခံမှာမဟုတ်တာကြောင့်
သူ၏ကားနီနီလေးဟာ Hotelကားပါကင်မှာ
ကျန်၍နေခဲ့တော့သည်။

.......

တော်ရုံမမှောက်တဲ့ကြွက်တွင်းတောင်
လူမှန်းသူမှန်းမသိအောင် ဖြစ်နေတာမို့၊
မြို့တော်ဝန် ဟာ သူ့ကိုရွဲ့ပြီး ဇွတ်သောက်ခဲ့သော
အကြမ်းလေးကိုကြည့်ပြီး အသည်းယားနေမိတော့သည်။

"သဲငယ်လေး...နောက်တစ်ခါဆို
အရမ်းရွဲ့ချင်စိတ်မကြီးပါနဲ့လား
အခုကြည့်မင်းပဲခံနေရတာ"

"အေ့...ဘယ်ကောင်လဲသဲငယ်လေးက
ဘာကောင်လဲ!!"

အတော်လေးကွဲနေပြီမို့
တကယ်ကိုပင်ဘာမှမသိတော့ချေ....

"အင်း ဟုတ်ပြီ
အိပ်လိုက်တော့
ဒီလောက်ဆို ကိုယ်သဘောပေါက်ပြီ"

landကြီးပေါ်မှာ တရားထိုင်သလိုထိုင်ထားတဲ့
အကြမ်းလေးဟာ
ခါးပတ်ပတ်ထားလို့သာတော်သေး၏
မဟုတ်ရင် အပြန်တရာလောက် ပြုတ်ကျပြီး
အာလူးသီးကောင်းနေတော့မည်။

"ခြေထောက်ချလိုက် ပြီးရင်
ကျောကိုဆန့်လိုက်"

"ဘာလုပ်ဖို့လဲ ငါကဘာလို့လိုက်လုပ်ပေးရမှာလဲ"

"မင်းအရမ်းမူးနေပြီ အိပ်လိုက်တော့
ဒီပုံစံကြီးနဲ့ထိုင်မနေနဲ့"

"မင်းကဘာလဲ ငါကတရားအားထုတ်နေတာကို
လာနှောက်ယှက်နေတာ မင်းကဘာကောင်လဲ!!"

လူကခါးပတ်ပတ်ပေးထားတာတောင်
ဘယ်ညာယိမ်းပြီး
တစ်ကိုယ်လုံးနဲ့ဝိုင်နံ့တထောင်းထောင်းနဲ့ကို
တရားထိုင်နေတာတဲ့...
....
တစက်လေးမှ အချိုးမပြေသောလေး၊
....
ဆွဲဆက်ပြီးအိပ်ခိုင်းပြန်ရင်လည်း
လူကိုရန်လုပ်အုံးမယ်။အခုက ကားမောင်းနေတာမို့
သူထပြဿနာရှာရင်ထိန်းရခက်ပေအုံးမည်။

"မူးရင် ငြိမ်ငြိမ်အိပ်လိုက်တော့ကွာ
ကားပေါ်မှာ မွှေမနေစမ်းနဲ့"

"ဟေ့ကောင် မကောင်းဆိုးဝါး
ငါထောင်စန်းကိုယ်တော် တရားရိပ်မှာ
အေးချမ်းနေတာကို ငါ့ကိုleeစကားတွေ
လာပြောနေတာလား..."

မျဥ်းပြိုင် (Completed)Hikayelerin yaşadığı yer. Şimdi keşfedin