^^တယောက်ထဲလာခဲ့...
လူအပိုခေါ်လာချင်လည်းရတယ်
ဒါပေမယ့် ကိုယ့်ဟာကိုယ်ခေါ်လာတာမို့
ကိုယ့်ကိစ္စကိုယ်ရှင်းဘဲ^^ ဆိုပြီး...
အစမရှိအဆုံးမရှိ စာပို့လာသည်နေရာရယ် အချိန်ရယ် လည်း
ရောက်လာပြီမို့ မသွားလို့ကလည်းမရ၊
သူတခါနှောက်ယှက်ရင်တစ်ခါ
အလုပ်ပိုတာမို့ခဏတဖြုတ်သွားလိုက်ဖို့
တေွးမိ၏**အချိန်ဇယားကအစပေါက်ကြားထားပြီးပြီမို့
ဒင်းလေးက လျှော့တွက်လို့မရတဲ့အထဲပါ၏။
မြို့တော်ဝန်တောင်သူနဲ့တွေ့ရင်မလုံခြုံတော့သလို...
ကိုယ်ဆိုးခဲ့ဘူးတယ်ဆိုတာသူ့လောက်တောင်
ဆိုးနိုင်ခဲ့ပါ့မလားပဲ..**စကားပြောရင်အထပ်ကနေပြောတယ်။
လူတယောက်ကိုကြည့်ရင်နှိမ်ချိုးပြီးကြည့်တယ်။
ဘယ်တော့အခါမှ ထောင့်လည်းမကျိုးသလို
ကြောက်စိတ်လည်းရှိမနေ...တကယ်ဆို သူ့မူလရုပ်ခံလေးက
ချစ်စရာကောင်းတဲ့typeကိုရောက်တာမို့
ချစ်ဖို့ကောင်းတဲ့ပုံနေရင် တစ်နိုင်ငံလုံး
သူ့ကိုသည်းသည်းလှုပ်မှာသာ...အင်းလေ
အခုလိုဆိုးနေတာတောင် ပြည်သူတွေဆီက
အချစ်ခံနေရတာကလည်း
သူဆန်းပေပဲ။.....
.....သူပြောသလို အနက်ရောင်ကိုဝတ်လိုက်ရင်း
ကားကိုအိမ်ထဲကထုတ်ပြီးထွက်ရန်ပြင်ရတော့သည်။
အချိန်က အဲ့ခဏလေးအားတာကို
နားရမလားမှတ်တယ် သူ့အမူ့တွေကြီးပဲ..။ဒီကောင်လေး က တော်တော်ကိုစိတ်ရူတ်စရာသာ
.....
သူ့အသက်က ၃၁ ဟိုကောင်လေးထက်
၈နစ်လောက်ကြီးတာမို့...
ဘက်တိုက်ရင်သူကပဲ
အရာရာလက်လျှော့ပေးဖို့
တွေးလိုက်မိသည်။ ခလေးနဲ့အပြိုင်ရန်ဖြစ်တဲ့
မြို့တော်ဝန် အနေနဲ့နာမည်တော် အကြီးမခံနိုင်ချေ။သို့သော်....ဘက်တိုက်လိုက်တာကတော့
တော်တော်လေးကိုဆိုးဝါး၏။......
"ရောက်လာပြီလား မြို့တော်ဝန်ကြီး"
"မင်းး..."
"လာပါ ထိုင်ပါအုံး"
"Sweet ဒါကဘာတွေလဲ!!!"
![](https://img.wattpad.com/cover/321620972-288-k761651.jpg)
YOU ARE READING
မျဥ်းပြိုင် (Completed)
Fanfictionအနီးဆုံးနေရာမှာတူညီစွာရှိတယ် ဆုံမှတ်တွေလည်းတူနေတယ် ဒါပေမယ့် .....မျဥ်းပြိုင်တွေ