"သဲငယ်လေးမင်းပြောနေတာတွေက
တကယ်အမှန်တရားတွေလား!!"မြို့တော်ဝန်အသံဟာ ဒေါသတွေနဲ့
ရောထွေးလို့နေတော့၏။ပုံမှန်ဆိုရင်သူ့ယောက်ကျားကို
သူ မကြောက်ပေမယ့်
သူ့ပယောဂမကင်းထားတဲ့ဒီကိစ္စနဲ့ကြ
သူအရမ်းကိုစိုးထိတ်နေမိသည်။"အခုဘယ်လိုလဲ!!!
ဘာဆက်လုပ်ကြမလဲ
တောက်!!!!...."တောက်တချက်ခပ်သံအောက်သူဟာ
ကိုယ်လေးပင်တုန်လို့သွားတော့၏။အခုမြို့တော်ဝန်ဟာ သူ့ကို
အရမ်းဒေါသထွက်နေခဲ့ပြီမဟုတ်ပါလား"လာ!!! သွားမယ်!..
ဆေးရုံကိုအခုချက်ခြင်းလိုက်ပြီး
မင်းသူငယ်ချင်းကိုသွားပြောပြတော့""နေခြည်နဲ့အဆက်သွယ်ပြန်ရပြီလား
အခုနေခြည်ကဘယ်မှာလဲ""ဟိုကောင်မလေးကအရေးပေါ်မှာ
မင်းသူငယ်ချင်းကလည်း
ကင်ထယ်ယောင်းရိုက်ထားလို့
ဆေးရုံမှာမေ့မြောနေတယ်
....
မင်းတို့တော်တော်လူပါးဝလွန်းကြတယ်...""ဟိုလူကြီးရော နေခြည့်လူ.."
..."ဟိုကောင်မလေးကိုဝက်အူလည့်နဲ့
ထိုးလိုက်လို့ ရဲစခန်းကိုရောက်နေပြီ...
...
.....မင်းအပြစ်တွေလည်းဒီမှာအများကြီး
ပါထားတာမို့....မင်းအခုကစပြီး
သူများအိမ်ထောင်ရေးကြားထဲ
ထပ်ရူတ်ရဲထပ်ရူတ်ကြည့်ငါမင်းကို
ဒီအတိုင်းမထားဘူး..."မြို့တော်ဝန် တော်တော်လေးဆူနေသည်။
အကြမ်းလေးကလည်း
ကင်စိတ်တွေလွတ်နေပြီး
အရူးသာသာဖြစ်နေတာပါသိလိုက်ရတာမို့
သူအရင်ကထက်ပင်ပိုလိပ်ပြာမလုံတော့ချေအဲ့လောက်ထိ ရူးရလား
ပညာတတ်ဂုဏ်ရှိန်ကြီးပါတယ်ဆိုတဲ့လူက
ဒီဘာမဟုတ်တဲ့အချစ်အတွက်
ရူးမိုက်လိုက်တာ.....သူတကယ်ပင်
ထိုလူကြီးအားဖြုံသွားမိတော့သည်။======
တရားသူကြီး ချုပ်အမူ့ကို
မြို့တော်ဝန် က အစအဆုံး
သတင်းတွေချုပ်ကိုင်ကာ
ရဲစခန်းထိဒီကိစ္စသတင်းထောက်တွေ
လက်ထဲမရောက်အောင် ပါဝါတွေဖိသုံးပြီး
ဖုံးတော့ ရဲမှူးကြီးအဆင့်ကပါ
ထိုပြသနာကိုနယ်အထိ ဆင်းတားပြီး
ကင့်ကို တရားသေလွတ်ရင်
ဖန်တီးကြတော့သည်။
YOU ARE READING
မျဥ်းပြိုင် (Completed)
Fanfictionအနီးဆုံးနေရာမှာတူညီစွာရှိတယ် ဆုံမှတ်တွေလည်းတူနေတယ် ဒါပေမယ့် .....မျဥ်းပြိုင်တွေ