အပိုင်း။၃။

4.2K 600 197
                                    

အတွင်းရေးမှူး leeက ပြီးခဲ့တဲ့ရက်က
ဖြစ်ခဲ့တာတွေကိုဘယ်လိုဖြေရှင်းခဲ့ကြောင်း
တင်ပြနေသော်လည်း စိတ်တွေက
ကိုယ်ပေါ်ပစ်လဲလာသော ကောင်လေးဆီသာ
ရောက်နေခဲ့သည်။ ဘာစိတ်နဲ့မှမဟုတ်ပဲ
ဒီအတိုင်းကိုယ်တအားလွန်သွားလားတွေးရင်း
စိတ်ထွေနေမိခြင်းသာ...

ဘာကိုမှကြောက်စိတ်မရှိတဲ့
လူတယောက်က ရေအပေါ်ကြောက်စိတ်ပြင်းနေပုံက
အတိတ်မှာ ဒဏ်ရာကြီးကြီးမားမားရှိထားတာကိုသိရ၏။

ကိုယ့်ကြောင့်နဲ့ ဒီလိုဖြစ်သွားတာမို့
သူလုပ်ခဲ့တာတွေနဲ့ယဥ်ရင်ကိုယ်ကပိုလွန်ရာကျနေ၏။

"မြို့တော်ဝန် "

"...ဟင်...."

သူတယောက်ထဲ အတွေးများနေချိန်
ခေါ်လိုက်တော့ကြောင်အအဖြစ်သွားသူ

"သမ္မတကတွေ့ခွင့်တောင်းနေပါတယ် "

"အထဲကိုခေါ်လိုက်ပါ "

တကယ်ဆို သမ္မတနဲ့လည်း
မျက်နာခြင်းမဆိုင်ရဲသေးပါ။
...
ကိုယ့်မပြည့်ဝမူ့ကြောင့်
သူ့မြေးက အရေးပေါ်တောင်
ရောက်ခဲ့ရသည်မဟုတ်ပါလား။

"မင်္ဂလာပါ သမ္မတကြီး
ကြွပါခင်ဗျ "

သူနေရာပြပေးနေပေမယ့်
သမ္မတကမထိုင်ကာ သူရှေ့ဦးညွတ်ရင်း

"ကျတော် မြို့တော်ဝန်ကိုလာတွေ့တာ
တောင်းပန်ချင်လို့ပါ ကျတော့်မြေးငယ်ရဲ့
အပြစ်တွေကို ခွင့်လွတ်ပေးပါ။"

"အဲ့လိုမလုပ်ပါနဲ့ သမ္မတကြီး
ကျတော်ကသာတောင်းပန်ရမှာပါ"

ခပ်မြန်မြန် သမ္မတကြီး နား​ပြေးသွားရင်း
ကိုယ်အားဆွဲမတ်ကာသူ့အပြစ်တွေလို့ပြောနေသူ

"ကျတော်ကအသက်ကြီးပါပြီ မြို့တော်ဝန်
ဒါပေမယ့် ကျတော်တောင်းပန်တာကိုလက်ခံပေးပါ
ကျတော့်မြေးငယ်က အရင်ကအရမ်းလိမ္မာတဲ့
ခလေးပါ။ ဒါပေမယ့် မိဘတွေအဖြစ်ဆ်ုးတစ်ခုနဲ့
သေဆုံးပြီးသွားတဲ့အချိန်ကစပြီးသူ့မှာ စိတ်ဒဏ်ရာစရလာရာကနေ....ရှေ့မှာအမှားတချို့ထပ်မှားရင်
သူဒီပုံစံလေးဖြစ်လာတာပါ။ဒါကသူ့စိတ်ရင်းတွေမဟုတ်ပါဘူး.....အလိုအရမ်းလိုက်မိခဲ့တဲ့
ဒီအဖိုးကြီးရဲ့အပြစ်တွေပါ.....
မြေးလေးလုပ်ခဲ့တဲ့ အပြစ်တွေအတွက်
ဒီအဖိုးကြီးကိုသာ အပြစ်တင်ပါ"

မျဥ်းပြိုင် (Completed)Donde viven las historias. Descúbrelo ahora