တိတ်ဆိတ်နေသော သူ၏
အမှောင်ခန်း....အတိအကျဆို
သူ့ရဲ့ Jeonအိမ်တော်ကြီးထဲက
သူဝါဿနာပါရာတွေသီးသန့်ရှိနေသော
အခန်းတစ်ခုပေါ့....ဒီအခန်းထဲတချိန်ကအရက်မူးနေတဲ့
ကောင်လေးကိုခေါ်လာပြီး
လခြမ်းပုံTattooသူထိုးပေးခဲ့ဘူး၏...အခန်းဟာပန်းချီတွေနဲ့
ခပ်ပြင်းပြင်း cigarette အနံ့တွေနဲ့
တတ်တူး machine တွေနဲ့
အနက်ရောင်လွှမ်းနေသော
မှိန်ပြပြမီးတွေနဲ့ တည်ငြိမ်စွာသာ...ထိုပန်းချီထဲမှာမှ...
အနက်ရောင်ပန်းချီတွေထဲမှာမှ
အနက်နဲ့ခရမ်းဖျော့လေးရော
ယှတ်နေသော
ပန်းချီကားလေးတချက်ဟာ....
နီယွန်းမီးအဝါလေးအောက်
ခပ်ပါးပါးမှိန်မှိန်လေးနဲ့လှနေခဲ့၏ပုံထဲမှာ
မျက်နာဖုံးအဖြူလေးထည့်ထားသော
ကောင်လေးတစ်ဦးဟာ
ခရမ်းရောင်လဲ့နေသောဝတ်စုံလေးနဲ့
သူ့ရဲ့သွယ်လှသောလက်တံလေးကို
ဆန့်တန်းထားပြီး မျက်နာလေးက
အဝေးကိုငေးမောရင်း အနာဂတ်ကို
မေ့စွာ အတိတ်တွေကမရှိစွာ
ခရမ်းရောင်လနတ်သားလေးတစ်ပါးလို
လွှင့်မျှောနေခဲ့၏။ဟုတ်၏ ဒီပုံက လွန်ခဲ့တဲ့
၈နစ်နီးပါးလောက်က
သူအရမ်းကြွေခဲ့ရသော...
ဖမ်း၍မမိခဲ့သော.....
သူ၏ပထမဆုံးအစွဲလမ်းရှိရာ
ကချေသည်လေးသာ....။အခုနေမှသိလိုက်ရသည်က
ထိုခလေးငယ်လေးဟာ
ဘာအစွန်းထင်းမှမရှိခဲ့သော
မျိုးမြင့်မျိုးရိုးထဲကကချေသည်လေးတဲ့........
ထိုအချိန်ထဲက
မျက်နာလေးကိုမမြင်ခဲ့ရပေမယ့်
သူ၏ကကွက်တွေနဲ့ သူ၏
လှုပ်ရှားမူ့လေးတွေနဲ့ကြွေမျှောခဲ့ရသော...ပြီးးး
သူကြွေခဲ့ရသောအရိပ်လေးဟာ
သူတညတာဖြေဖျောက်ခဲ့မိတဲ့
အမှတ်တရ တွေထဲရောယှက်လာမယ်လို့
တစ်ခါလေးတောင်မတွေးထားခဲ့မိ........
အခုတော့ ထိုကချေသည်လေးကို
ပိုင်ဆိုင်ထားရပေမယ့်
နောင်တတွေနဲ့ရှေ့မဆက်ချင်တော့တဲ့အတိတ်က
အနာဂတ်အထိပါလာပြီး
ရင်ထဲက Diary ဟောင်းကိုပါ
ထလှန်ပစ်ခဲ့ပြီးအရာရာကိုပြောင်းဆန်
သွားစေခဲ့တာ....
أنت تقرأ
မျဥ်းပြိုင် (Completed)
أدب الهواةအနီးဆုံးနေရာမှာတူညီစွာရှိတယ် ဆုံမှတ်တွေလည်းတူနေတယ် ဒါပေမယ့် .....မျဥ်းပြိုင်တွေ