အပိုင်း။၃၈။

3.6K 409 144
                                    


ဘဝပျက်ခြင်းတဲ့

စာလုံးကသုံးလုံးထဲဆိုပေမယ့်
ဘဝတစ်ခုအဖျက်ခံလိုက်ရခြင်းက၊
...
လူတယောက်အတွက်ရှင်ရက်နဲ့
သေနေခြင်းတမျိုး

.......

မုန်းတယ် အဲ့လို ဖြစ်စေခဲ့တဲ့
ကံတရားကိုအရမ်းမုန်းတယ်

ဘာလို့လဲ....ဘာလို့ငါ့ကြမှလဲ

ဘာလို့ငါ့ကိုမှအခုလိုဖြစ်စေရတာလဲ

ငါကိုမှဘာလို့အခုလိုရက်စက်ရတာလဲ

ဘာလို့ငါမှလဲ ပြော ဘာလို့ငါမှလဲ

အမှောင်ခန်းလေးထဲ
တသိမ့်သိမ့်တုန်နေသောကိုယ်လေးတစ်ခု.....ဒါဟာသူနာကျင်မူ့တွေနဲ့
ငိုကြွေးနေခြင်းဖြစ်ကာ အရာရာပြိုပျက်ခဲ့ရသော ဘဝတစ်ခုအတွက်သူယူကျုံးမရ
ဖြစ်နေခဲ့ရတော့၏။

"အသေးလေးးး
တံခါးဖွင့်စမ်းးး

.
.

အသေးလေးးး မင်းးးး
ကျစ် အကိုခြံရှေ့မှာ
ရပ်စောင့်နေတာနစ်ရက်ရှိတော့မယ်
အသေးလေးရာ.....
သူ့ကိုသနားပါအုံးလား "

ခလေးငယ်လေးဟာ
Koreaပြန်ရောက်လာထဲက
သူ့ကောင်လေး ကိုလည်း
လမ်းခွဲရအောင်ဟုစာတကြောင်းသာ
ပို့ခဲ့ပြီး သူ့အခန်းတံခါးကိုပိတ်ကာ
နေနေသည်မှာငါးရက်လောက်ရှိခဲ့ပြီသာ

နေခြည့်တောင်ပေးမဝင်ခဲ့ပဲ
ဘယ်သူနဲ့မှလည်းစကားမပြော
ဘာမှလည်းမစားကာနေနေသည်မို့
အားလုံးကအရူးလိုပူလောင်နေရတော့၏။

"အသေးလေးး
ဒီကိစ္စက မင်းမမှားဘူးနော်
မင်းမှာဘာအပြစ်မှမရှိဘူး
...
ဒီတော့မင်းကိုမင်းဒုက္ခမပေးပါနဲ့
မင်းကပြိုလဲနေဖို့မလိုဘူး
...
မင်းဘဝကိုမင်းဖျက်ခဲ့တာမဟုတ်ဘူး
ငါပြောတာကြားလားး
တံခါးဖွင့်ပေးအသေးလေးရာ
ငါမင်းကိုဖက်ထားချင်လို့ပါ"

"နေခြည်....ငါသေလိုက်ရမှာ
ငါကသေသွားရမှာ
ငါဘယ်သူ့အပေါ်မှမကောင်းမလုပ်ထားခဲ့ပဲဘာလို့ငါ့ကြမှအခုလို
ဖြစ်ရတာလဲကွာ.....
ဘာလို့ငါ့ကြမှလဲ !!"

"အသေးလေးရာ..."

သူ့မှာဘာမှပြောနိုင်စွမ်းမရှိတော့...
တကယ်သနားလည်းသနားရကာ
ဂရုဏာလည်းဖြစ်နေရ၏

မျဥ်းပြိုင် (Completed)Tempat cerita menjadi hidup. Temukan sekarang