Part-3 [Uni]

55 6 6
                                    

စေရာအများကြီးမသောက်လာသော်လည်း လူကရီဝေဝေ။ သို့ပေမယ့် ကားမောင်း၍တော့အဆင်ပြေသေးသည်။ စေရာဆိုတဲ့ကောင်က ဖင်ထောင်ပြီးမူးနေတောင် အိမ်တန်းတန်းမတ်မတ်ပြန်ရောက်အောင် မောင်းနိုင်သည်။

"ကျွီ....ဒုန်း"

အတွေးများနေစဉ် ရုတ်တရက်မီးနီသွားတာကြောင့် ရှေ့ကကားကို မဆိုစလောက်လေး ၀င်ဆောင့်မိသွားသည်။

ရှေ့ကားမှ ဒေါသတကြီးထွက်လာတဲ့လူတစ်ယောက်ကြောင့် စေရာဇက်ကလေးပုကာ မှန်တွေအကုန်တင်လိုက်ရင်းလော့ခ်ချလိုက်သည်။

ဒါမှ ဒုက္ခပဲ။ ကျွန်တော်မမြင်လိုက်လို့ပါဆိုပြီးတောင်းပန်ရအောင်လည်း တစ်ဖက်ကလွယ်လွယ်ကျေအေးပေးမည့်ရုပ်မဟုတ်။

"ဟေ့...ကျစ်! မင်းဆင်းခဲ့စမ်း"

မီးနီရပ်လိုက်စဉ် ကားနောက်မှ၀င်ဆောင့်ခံလိုက်ရသည်ကြောင့် ထက်ဝေအီစိမ့်သွားရသည်။ ဘော့စ်ကလည်း ဇက်ကိုလက်ပြန်ကိုင်ထားရင်း ဘာဖြစ်တာလည်းသွားကြည့်ဟုစေခိုင်းသောကြောင့် ထွက်လာကာပြေရာပြေကြောင်းပြောမည်ဟုပြင်သော်လည်း တရားခံသည်ထွက်မတွေ့လာသည်ကြောင့် ဒေါသတို့ချောင်းချောင်းထွက်လာရသည်။

"ဟေ့ကောင်၊ မင်းယောက်ျားမဟုတ်ဘူးလား ထွက်ခဲ့စမ်း"

ထက်ဝေအော်ပြောနေသော်လည်း လမ်းမထက်သူ့အသံသာကြီးစိုးနေသည် စိမ်းပြာရောင်ပြိုင်ကားလေးကတော့ ငြိမ်ချက်သားကောင်းမြဲ။

"ဟေ့၊ ကောင်လေး ကားကိုလမ်းဘေးရွှေ့လိုက်"

ဟိုက်...သေပြီ။ နီညိုရောင်အနောက်တိုင်း၀တ်စုံနှင့် ဆံပင်တွေကိုသေသပ်စွာ‌ပုံသွင်းထားသည့်သူက သောက်ကျိုးနည်း မဟူရာရဲ့ဟိုက်ဘော့စ်ကြီးပင်။ ခင်များကြီးတော့ အသက်ရှည်ဦးမယ်။

ကားရှေ့ကနေပိတ်ရပ်လျက် လက်ဟန်ခြေဟန်ဖြင့် ရုပ်တည်ကြီးနှင့်ပြောနေပုံက သောက်ကျိုးနည်းကြည့်ကောင်းနေသည်ကိုတော့ငြင်း၍မရနိုင်ပါ။

"ဟိုလေ ဦး၊ ဘေးခဏဖယ်ပေးပါလား ကျွန်တော် ဦးပြောသလို ဘေးချရပ်ပေးပါမယ်"

ထက်ဝေအောင်တစ်ယောက် ကားမှန်ချက်လျက်ခေါင်းလေးထွက်ကာပြောလာတဲ့ကောင်လေးကိုကြည့်ပြီးမျက်ဖြူဆိုက်သွားရသည်။ သူအာပေါက်မတတ်ပြောနေတုန်းကကျ တစ်ချက်လေးအဖတ်မလုပ်သည့်သူက ဘော့စ်စကားကျ တစ်သွေမတိမ်းနားထောင်နေသည်။ သောက်ကျိုးနည်းကလေး။

နမ်း ရှိုက် ခွင့် ( Ongoing )Where stories live. Discover now