Part-1 [Uni]

234 9 0
                                    



မိုးရာသီရဲ့ညနေခင်း။ မိုးရာသီဟု ဆိုသော်ငြား ဒီညနေတော့ အထူးနေသာကာ ကောင်းကင်တွင်တိမ်စိုင်များလည်းကင်းရှင်းလျက် မိုးသားပြာတွေဟာ စိတ်အစဉ်ကြည်လင်စေသလို တစ်ချက်တစ်ချက် ခပ်ပြင်းပြင်းတိုက်ခတ်လာသည့်လေများဟာလည်း လန်းဆန်းတက်ကြွမှုကိုဆောင်ကျဉ်းပေးသည်။

လေအဝှေ့တွင်ကပ်ပါလာတတ်သည့် စပါးနံ့ခပ်သင်းသင်းဟာလည်း နှစ်ခြိုက်ဖွယ်ပင်။ ဒီလိုသဘာ၀လေလေးရှူရှိုက်ပြီး တစ်မျှော်တစ်ခေါ်စပါးခင်းကြီးကိုငေးမောနေသည်မှာလည်း သူညနေတိုင်းလုပ်ဖြစ်နေကျအကျင့်တစ်ခုလိုပင်ဖြစ်‌နေ၏။

"မင်္ဂလာပါဆရာလေး"

"မင်္ဂလာပါကွာ"

သဘာ၀လေလေးတစ်၀ကြီးရှူရှိုက်ရင်း စိတ်ကြည်နူးနေခိုက် ကလေးတစ်ချို့ဆီမှ နှုတ်ဆက်လာသည့်အသံ။ ထိုအသံကြောင့် လည်ပြန်ကာခေါင်းညိတ်အသိမှတ်ပြုရင်း ပြန်လည်နှုတ်ဆက်လိုက်သည်။

ထိုစဉ် အိတ်ကပ်ထဲ၌တုန်မြည်လာသည့်ဖုန်းသံကြောင့် အိတ်ထဲမှထုတ်ကြည့်ကာ ခပ်ပြုံးပြုံးဖြင့် ပြန်လည်ဖြေဆိုလိုက်သည်။

"ဟယ်လို ဒယ်ဒီ"

"သားသား မင်းပြန်လာတော့"

"သား ဒီတစ်နှစ်ထပ်နေဖို့ ဒယ်ဒီ့ဆီမှာခွင့်တောင်းထားတယ်လေဗျာ"

"မရဘူး ခုပြန်ခဲ့"

"ပြန်မလာချင်ဘူးဒယ်ဒီရာ"

"ကျစ်! ဒယ်ဒီ့ကိုပြစ်ထားတာများနေပြီ"

"သား တောင်းပန်ပါတယ်၊ ဒယ်ဒီနဲ့တွေ့ချင်ပေမယ့် ဒယ်ဒီ့ဆွေမျိုးတွေကိုတော့ တကယ်မျက်စိစပါးမွှေးစူးတာ"

"ဟ! မင်းကငါ့သားပါကွ၊ ဒီက ထင်မျိုးမြတ်‌ဆွေရဲ့သား၊ ထင်မျိုးမြတ်ဆွေရဲ့စောက်မျိုးတွေကို မျက်စိစပါးမွှေးစူးရင် မျက်လုံးထဲကထုတ်လိုက် မင်းမှာထင်မျိုးမြတ်ဆွေဆိုတဲ့ မင်းဒယ်ဒီတစ်ယောက်ပဲရှိတယ်လို့တွေး ဘယ်သူဘာပြောရဲလဲကြည့်မယ် ပြန်ခဲ့"

"နှစ်ကုန်ဗျာ"

"မင်းသေချာလား"

"တကယ်ပါဗျာ၊ နှစ်ကုန်တာနဲ့တန်းပြန်လာမှာမို့ ဒယ်ဒီသာငွေကိုနှစ်ဆရှာထား ဒယ်ဒီ့သားကရှယ်သုံးပြမယ်"

နမ်း ရှိုက် ခွင့် ( Ongoing )Opowieści tętniące życiem. Odkryj je teraz