Part -7 [ Uni ]

28 3 0
                                    




အကြိမ်ကြိမ်ခေါ်ဆိုမှုနောက် ကိုကို့ရဲ့ပြေပြေပြစ်ပြစ်အသံလေး နောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့သည်။

"ချီးမို့ ဖုန်းတဂွမ်ဂွမ်ဆက်ပြီးနှောက်ယှက်နေတာလား"

"ကိုကိုရာ စိတ်လျော့ပါဦး၊ ကျွန်တော်က ကိုကို့အသံလေးကြားချင်လို့...လို့..."

"ဂွပ်!!!"

"အ့!!!"

"အင်! မင်းဖွန်ကြောင်ဖို့ဖုန်းဆက်ခိုင်းတာမဟုတ်ဘူး ပေးစမ်းငါ့ကိုဖုန်း"

လက်သံပြောင်လွန်းလှတဲ့ထိန်ညီးကြောင့် အီစိမ့်သွားရကာ ဖုန်းလှမ်းပေးလိုက်သည်။

"ဒီလိုပါ ကိုသာလွန်းရ၊ ညနေကအကို့တပည့်တွေဆိုပြီး ကောင်လေးနှစ်ယောက်အကို့ခြံရှေ့ရောက်လာလို့ လှမ်းအသိပေးခိုင်းတာပါ"

"ကိုယ့်တပည့်‌တွေလား!!"

"ဟုတ်ပါတယ်ဗျ"

"ကိုယ်နာမည်တွေ တစ်ချက်လောက်သိလို့ရမလား"

"ရပါတယ်၊ အကိုကိုယ်တိုင် သူတို့နဲ့ဖုန်းပြောလိုက်ပါ"

ဖုန်းကိုစပီကာဖွင့်လိုက်ပြီး ကောင်လေးတစ်ယောက်ဆီဖုန်းပေးလိုက်တော့ ကောင်လေးကမဝံ့မရဲပုံစံနဲ့လှမ်းယူပြီး

"ဆရာလေး ကျွန်တော် စစ်မင်းပါ"

"အင်း၊ မှတ်မိတယ် မင်းအသံကိုမှတ်မိတာမလို့ အဲ့မှာခဏလေးပဲစောင့်ပေး ဆရာလေးအခုလာခဲ့မယ်"

ခေါ်ဆိုမှုပြတ်တောက်သွားတဲ့ဖုန်းကိုကြောင်ကြောင်ငေးငေးကြည့်နေရင်းမှ

"အကိုတို့ကိုကျေးဇူးတင်ပါတယ်ခင်ဗျ"

"ရပါတယ် မလိုပါဘူးကွာ၊ ဒါနဲ့ မင်းတို့နှစ်ယောက်က ဘယ်လိုစိတ်ကူးနဲ့ဒီထွက်လာတာလဲ မိဘတွေကလည်း လွှတ်တာပဲလား အသက်ရောပြည့်ကြပြီလား"

"ကျွန်တော်က နောက်လဆို ဆယ့်ရှစ်ပြည့်တော့မှာပါ၊ သက္ခက ငါးလငယ်တယ် အိမ်ကအပြီးထွက်လာကြတာပါ"

"ဟမ်"

ထိန်ညီးပါးစပ်အဟောင်းသားနဲ့မျက်ရည်လည်ရပြန်သည်။ ဘယ်လိုတောင်တိုက်ဆိုင်မှုမျိုးလဲ။

နမ်း ရှိုက် ခွင့် ( Ongoing )Tempat cerita menjadi hidup. Temukan sekarang