Part-5 [ Uni ]

48 6 4
                                    


"ဟေ့ကောင် တည်တံ့၊ မင်းညကပြဿနာဖြစ်တယ်ဆို"

အိပ်ကောင်းနေတုန်း စောင်လာဆွဲပြီးမေးလာတဲ့ ထိန်ညီးကို ဖနောင့်တစ်ချက်ကျွေး၍

"ဟမ်၊ မဖြစ်ပါဘူးကွ"

"အဲ့တာဆိုငါ့ကို မောင်အေးဂျင်းထည့်လွှတ်လိုက်တာပေါ့"

အိပ်ချင်စိတ်အကင်းမသေသေးသည်ကြောင့်မျက်လုံးတွေမဖွင့်ဘဲ ခပ်ညည်းညည်းပြန်ဖြေလိုက်သည်။

"ဪ...မောင်အေးပြောလိုက်တာလား"

ခုတင်ပေါ်၀င်လှဲကာပြောလာသည့် ထိန်ညီးစကားကြောင့် ညကအဖြစ်အပျက်ကခေါင်းထဲ ၀င်ရောက်လာခဲ့သည်။ ဒါကပြဿနာမှမဟုတ်တာ။ နားလည်မှုအသေးစားလေးလွဲတဲ့ကိစ္စ။

"မဟုတ်တာ၊ ငါ့လီးကွာ မင်းအိမ်မှာမအိပ်ရလို့လား ငါ့အိမ်လာပြီးတော့၊ စောစောစီးစီးကျက်သရေမရှိဘူးကွာ ထွက်သွား မင်း"

ပြောကာမှ စောင်ပါလုခြုံလာသည့်သကောင့်သားကို နောက်တစ်ကြိမ်ကန်လိုက်တော့

"အသည်းရာ မနှင်စမ်းပါနဲ့၊ ခဏလောက်ထပ်မှေးပါရစေ၊ အိမ်မှာဘွားတော်ပွားနေလို့ မင်းဆီရောက်လာတာ၊ ခဏနေလည်း စေရာကလာခဲ့ဖို့ချိန်းထားသေးတယ်"

"မင်းပဲသွား၊ အဲ့နွားနဲ့မတွေ့ချင်သေးဘူး"

ပြောပြီး စောင်ကိုခေါင်းမြီးခြုံလျက်အိပ်လိုက်တော့ ထိန်ညီးလည်းအသံထပ်မထွက်တော့ပေ။

တကယ့်ကာဠနဂါး၀င်စားတဲ့ကောင်။ ဆက်ပြောနေရင်လည်း အရူးလင်လုပ်ပေါင်းနေရသလိုဖြစ်ဦးမယ်။

ထိန်းညီးမှာ ပါးစပ်က‌သာထုတ်မပြောသော်လည်း စိတ်ထဲမှာတော့ ပွစိပွစိဖြင့် ရေရွတ်နေသည်သာ။

...........................................................

အရင်တစ်ခေါက်ကထိုင်ခဲ့တဲ့စားပွဲလေးဟာ လစ်လပ်နေသည်ကြောင့် စေရာထိုခုံ၌ပင် ၀င်ထိုင်လိုက်သည်။

ဒီမှာထိုင်ရင် ဦးထွက်လာတာနဲ့တန်းမြင်ရမှာ...အဟဲ။

ကိုယ့်အတွေးနဲ့ကိုယ် အပြုံးပန်းတွေဟာနှုတ်ခမ်းထက်ခိုတွဲသွားရပြန်ပါသည်။

နမ်း ရှိုက် ခွင့် ( Ongoing )Opowieści tętniące życiem. Odkryj je teraz