ဒီနေ့နဲ့ဆို ကိုကိုနဲ့မတွေ့ရတာနှစ်ရက်ရှိပြီ။ ဘေးခြံမှာလည်း ဟိုကလေးသုံးကောင်ကလွဲလို့ ကိုကို့အရိပ်ယောင်တောင်မမြင်မိ။
ဟိုဘက်ခြံထဲငေးနေစဉ် စတီးချိုင့်ကြီးဆွဲလျက် ပြုံးပြုံးကြီးပြေးလာတဲ့ကောင်လေးကိုမြင်သည်နှင့် အောက်ထပ်ဆင်းကာ ဧည့်ခန်းကဆီးကြိုစောင့်နေလိုက်သည်။
ဒီတောသားက မေးသမျှအကုန်ဖြေမှာ။ ထိန်ညီးမျက်နှာနဲ့။
"ဟေ့ တောသား၊ ချိုင့်ကြီးနဲ့ပါလားကွ ဘာတွေလဲ"
"အကိုထိန်ညီးရှိလားဗျ"
"ရှိတယ်၊ ထိုင်ဦး မေးတာအရင်ဖြေ"
"ဟုတ်ကဲ့"
ပုဆိုးတိုတိုကိုပြန်ပြင်၀တ်ကာ ဆိုဖာမှာထိုင်လိုက်သည်။ ချိုင့်ကိုတော့လက်ထဲကမချ။
"မင်းအကိုမလာဘူးလား"
"ကိုလွန်းလား"
"မင်းမှာအကိုဘယ်နှစ်ယောက်ရှိလို့လဲ"
"အဟဲ၊ ကိုလွန်းကမအားဘူးလေဗျာ အလုပ်နဲ့အကိုင်နဲ့"
"အောင်မာ၊ ငါလည်းအလုပ်နဲ့ပါကွ"
"အကိုကအလုပ်ရှိတယ်သာပြောနေတာ တစ်ခါမှအလုပ်သွားတာလည်းမမြင်ဘူး အမြဲတမ်းခွေးကြီးလေလွင့်နေသလိုပဲ"
"ဘာကွ၊ မင်း..."
ရှေ့ကတောသားကို ဂုတ်ဆွဲပြီးခြံပြင်ဆွဲထုတ်ချင်ပါသော်လည်း ကိုကို့မျက်နှာပြေးမြင်မိသည်နှင့်ကိုယ်ကပဲ အလျော့ပေးရပြန်သည်။
"စတာပါဗျာ၊ ကိုလွန်းကညနေလာမှာ အကိုအိမ်ကလာစောင့်နေပါလား အကိုထိန်ညီးလဲခေါ်ခဲ့လေ"
စောက်တောသား အကြံကတော့မသေး။
ကျွန်တော်ဘာမှမတုန့်ပြန်ရသေးခင် တောသားကတစ်ဖန်
"ဒါပေမယ့် ဘဘကြီးလည်းပါလာမှာလို့ပြောတယ်"
"ဘယ်သူလဲ ဘဘကြီးက"
ကျွန်တော်စဉ်းစားမရစွာပြန်မေးတော့ တောသားပြန်ဖြေလာသည်က
"ကိုလွန်းအဖေလေဗျာ"တဲ့။
ဒါကို လှေကားကဆင်းလာရင်းကြားလိုက်တဲ့ စေရာက အနားရောက်လာပြီး
YOU ARE READING
နမ်း ရှိုက် ခွင့် ( Ongoing )
Romance*လူတွေဟာ မကြာခဏ အကျိုးသင့်အကြောင်းသင့် မဟုတ်တာတွေ လုပ်တတ်သလို၊ ယုတ္တိမတန် အတ္တဆန်တဲ့ လုပ်ရက်တွေကိုလည်း လုပ်တတ်ကြတယ်။ ✓ဘယ်လိုပဲဖြစ်ပါစေ...သူတို့ကိုခွင့်လွှတ်လိုက်ပါ။ မာသာထရီဇာ