ယခင် ဒီခြံကိုဂရုစိုက်ပေးခဲ့တဲ့ ကိုထွန်းအေးတို့လင်မယားကိုပဲ အမြဲတစေနေဖို့ခေါ်ထားကာ ဒေါင်လွဏ်းနဲ့စစ်မင်းအတွက်တစ်ခန်းစီ ပြင်ခိုင်းထားလိုက်သည်။
"အကိုလေးညီတွေက ချောလိုက်လှလိုက်ကြတာရှင်"
ဒေါင်လွဏ်းကိုဆေးရုံကပြန်ခေါ်လာပြီး ဧည့်ခန်း၌ထိုင်နေစဉ် အအေးလာချပေးတဲ့ ကိုထွန်းအေးမိန်းမ မပုစိန်က ပြောသည်ကြောင့် ခေါင်းညိတ်အသိမှတ်ပြုရင်းသာ အီလည်လည်နှင့်ပြုံးပြလိုက်ရသည်။
"ကလေးတို့စားချင်တာရှိရင် လေးပုကိုပြောနော် လေးပုချက်ကြွေးမယ်သိလား၊ အော် နောက်ပြီး မကြိုက်တာရှိလည်းကြိုပြောနော်"
"ဟုတ်ကဲ့ပါခင်ဗျ"
မပုစိန်ကတော့ တပြုံးပြုံးနဲ့ နောက်ထဲပြန်၀င်သွားသည်။
"ဆရာလေး"
"အကိုလို့ပဲခေါ်ပါကွာ၊ ကိုလွန်းလို့ခေါ်လည်းရတယ် မင်းတို့အဆင်ပြေသလိုခေါ်ကြ"
"ဟုတ်ကဲ့ပါ ဆရ..အဲ...ကိုလွန်းခင်ဗျ"
"အင်း၊ မင်းတို့နှစ်ယောက်ကို အပေါ်ထပ်မှာ တစ်ယောက်တစ်ခန်းခွဲပေးထားတယ်၊ ကိုယ်ကတစ်ခါတစ်လေမှလာနေတတ်တယ်ဆိုပေမယ့် ကြိုပြောထားမယ်နော် အသက်မပြည့်မချင်း တစ်ခန်းထဲအတူမအိပ်ရဘူး"
"အာ.."
"ကိုလွန်းကလဲဗျာ"
စစ်မင်းကဂုတ်ပိုးကိုကုတ်ခြစ်၍ အရှက်ပြေရှေ့ကအအေးခွက်ကိုကောက်မော့နေသည်။ ဒေါင်လွဏ်းကတော့ ရှက်ရဲရဲမျက်နှာနဲ့ခေါင်းငုံ့သွားသည်မှာ ပြန်ကိုမဖော်လာတော့။
"အတည်ပြောတာ မင်းတို့၊ ငါမရှိဘူးဆိုပြီးအခန်းပေါင်းအိပ်မယ်မကြံနဲ့ "
"မဟုတ်တာဗျာ၊ အဲ ကိုလွန်းကဘယ်မှာနေတာလဲ"
မျက်လုံးလေးပြူးပြီးမေးလာတဲ့ သက္ခ။
"ကိုယ့်ဒယ်ဒီနဲ့နေတာ နောက်နေ့မှမင်းတို့ကိုသတ်သတ်မိတ်ဆက်ပေးမယ်"
"ဟုတ်ကဲ့ခင်ဗျ"
"အင်း၊ မနက်ဖြန် နှစ်ယောက်လုံး ကျောင်းတက်ဖို့ဖောင်ဖြည့်ရမယ် အောင်လက်မှတ်တွေဘာတွေပါလာလား အမှတ်စာရင်းရော"
YOU ARE READING
နမ်း ရှိုက် ခွင့် ( Ongoing )
Romance*လူတွေဟာ မကြာခဏ အကျိုးသင့်အကြောင်းသင့် မဟုတ်တာတွေ လုပ်တတ်သလို၊ ယုတ္တိမတန် အတ္တဆန်တဲ့ လုပ်ရက်တွေကိုလည်း လုပ်တတ်ကြတယ်။ ✓ဘယ်လိုပဲဖြစ်ပါစေ...သူတို့ကိုခွင့်လွှတ်လိုက်ပါ။ မာသာထရီဇာ