Part - 9 [ Uni ]

23 3 5
                                    



အစပထမတော့ ဒယ်ဒီ့မျက်နှာအခြေနေကြည့်ပြီး မ၀င်‌တော့ဘူးလို့ဆုံးဖြတ်ထားသော်လည်း မပြောမပြီး မတီးမမြည်ဆိုတဲ့စကားပုံကလည်းရှိလေတော့

"အဟမ်း...."

ဖုန်းကိုကြည့်ပြီး ခပ်ပြုံးပြုံးဖြစ်နေတဲ့ဒယ်ဒီက ကျွန်တော့်ချောင်းဟန့်သံကြောင့် ရုပ်ကိုတည်ကာ နီးရာစာအုပ်ကောက်ဆွဲကြည့်နေသည်။

"အဟွန်း! ဒယ်ဒီ့စာအုပ်ကပြောင်းပြန်ကြီးလည်းဖြစ်နေဦးမယ် သေချာလည်းကြည့်ဦး"

ကျွန်တော့်အပြောကြောင့်စာအုပ်ကိုသေချာဖင်လှန်ခေါင်းလှန်ကြည့်ပြီးမှ

"အတည့်ပါကွာ" ဆိုပြီးခပ်တိုးတိုးညည်းရင်းရယ်လိုက်တဲ့ဟန်ပန်။

ဒယ်ဒီတကယ်ကိုအချစ်နဲ့တွေ့နေပြီပဲ။

"စေရာနဲ့သဘောမတူဘူးဆိုပေမယ့် ဒယ်ဒီ့ကိုခုလိုပုံစံဖြစ်အောင်စွမ်းဆောင်နိုင်တဲ့စေရာ့ကို တကယ်ကျေးဇူးတင်တာပဲ"

"ကလေးလေးပါကွာ"

လူကြီးရှက်တော့ရယ်ဆိုသလို ဒယ်ဒီကမျက်မှန်ကိုချွတ်ပြီး မျက်ခုံးတန်းနှစ်ခုကြားလက်နဲ့ကုတ်ခြစ်၍ရယ်နေသည်မှာ မျက်နှာပင်ပြန်မော့မလာ။

"ရှက်တာလည်း နောက်မှရှက်ပေါ့ဗျာ၊ မနက်နယ်ဘက်ခဏဆင်းရဦးမယ်"

ဆတ်ခနဲမော့ကြည့်လာတဲ့ဟန်ပန်က လွန်ခဲ့တဲ့နှစ်ကလိုကျွန်တော်အိမ်ကထွက်သွားမှာ ကြောက်နေသည့်နှယ်။

"အတွေးမချော်ပါနဲ့ဒယ်ဒီရာ၊ ဒယ်ဒီ့အရိပ်ကနေထွက်မပြေးပါဘူး စိတ်ချပါဗျ၊ ခုလိုလာပြောတယ်ဆိုတာကလည်း ဒယ်ဒီ့ဆီက ခဏငှားစရာရှိလို့"

"အဆန်းတွေလာမလုပ်နဲ့ကွာ ဒဲ့ပြော"

မျက်ခုံးပင့်ပြီး စိတ်မရှည်ပြောလာတဲ့ဒယ်ဒီ့ကြောင့် ခပ်ဟဟရယ်ကာ

"အဟဲ၊ ဒယ်ဒီ့ရှေ့နေကိုခဏငှားချင်လို့"

"ဘာလုပ်မလို့လဲ"

ခေါင်းတော့မော့မလာပါပဲ ဖိုင်တစ်ခုကိုလက်မှတ်ထိုးရင်း မေးလာသည့်ဒယ်ဒီ။ ကျွန်တော်ထွက်မသွားဘူးပြောတာနဲ့ လေသံရောအချိုးပါပြောင်းကုန်တာ။

နမ်း ရှိုက် ခွင့် ( Ongoing )Tempat cerita menjadi hidup. Temukan sekarang