တနင်္ဂနွေနေ့။ ကျောင်းပိတ်ရက်ဖြစ်သည်ကြောင့် မြို့ပေါ်တက်ရင်း ကလေးတွေမှာသည်များကို ဦးစားပေး၀ယ်ခြမ်းလိုက်သည်။ အလိုက်သိလှတဲ့ထိုကလေးတွေက စာရေးကိရိယာတွေနှင့်ပတ်သတ်သည်ကလွဲ မည်သည်မျှမှာယူခြင်းမရှိချေ။
စာရေးကိရိယာဆိုင်မှထွက်သည်နှင့် မျက်စောင်းထိုးက ကုန်စုံဆိုင်၌၀င်ကာ ကြာကြာအထားခံမည့်မုန့်ခြောက်အချို့နှင့် ကိတ်အချို့ကို၀ယ်ယူလိုက်သည်။
"ချမ်းမြေ့၊ မင်းဘာစားချင်လဲ"
"သား တော်ပြီ ဆရာလေး"
"အပိုတွေမပြောနဲ့၊ ရောက်တုန်းရောက်ခိုက် စားချင်တာစား၊ ပြန်ရောက်မှ ဟိုဟာစားချင်တယ် ဒီဟာစားချင်တယ်မပြောနဲ့"
"မပြောပါဘူးဗျ"
ဆယ့်နှစ်'နှစ်အရွယ်ကလေးက ပြုံးပြုံးလေးပြန်ဖြေနေသော်လည်း ကိုယ့်မှာမနေနိုင်။
"လာစမ်းပါကွာ"
ခပ်လှမ်းလှမ်းရှိ ဆိုင်ထဲသို့ဆွဲခေါ်သွားရသည်။ ထိုဆိုင်က bubble tea ဆိုင်ဖြစ်သည်။
ကိုယ့်ကျောင်းသားအကြိုက်ဆုံးအစားအစာလောက်ကို အနီးကပ်နေရတဲ့ဆရာ မသိဘူးဆိုတာမဖြစ်သင့်တဲ့အရာပင်။
"ထိုင်"
လွတ်တဲ့စားပွဲ၀င်ထိုင်တော့ စာပွဲထိုးလေးက tablet လေးဖြင့် menu လာပြသည်။
"Milk tea တစ်ခွက်နဲ့ strawberry milkshake တစ်ခွက်၊ ပြီးတော့ ပုစွန်နဲ့မာလာရှမ်းကောတစ်ပွဲ၊ ဘာဂါတစ်လုံး၊ နို့ဝေဖာတစ်ပွဲ ဒါပဲညီ"
"ဟုတ်ကဲ့ ခဏလေးစောင့်ပေးပါဗျ"
"ဆရာလေး ဘာလို့အများကြီးမှာနေတာလဲ"
မျက်လုံးလေးပြူးကာ တအံ့တဩလေးဖြစ်နေတဲ့ ချမ်းမြေ့ခေါင်းကို အသာပုတ်ပေးရင်းပြုံးသာပြလိုက်သည်။
ဒီကလေး အရင်တစ်ခေါက်တည်းက ဖုန်းထဲကပုံတွေကြည့်ပြီးစားချင်နေတာသိသည်။ တစ်ခါမှဆိုင်ထိုင်ဖူးခြင်းလည်းမရှိသလို စားဖူးခြင်းလည်းမရှိသည့် ချမ်းမြေ့ကို ရောက်တုန်း အကုန်၀ယ်ကျွေးချင်ပေမယ့် သူ့ဗိုက်သေးသေးလေးက တစ်ခါတည်းနှင့် အကုန်လုံးလက်ခံနိုင်မည်မဟုတ်။ ထို့ကြောင့် တစ်ခေါက်တစ်မျိုး ၀ယ်ကျွေးဖို့စိတ်ကူးထားသည်။
ESTÁS LEYENDO
နမ်း ရှိုက် ခွင့် ( Ongoing )
Romance*လူတွေဟာ မကြာခဏ အကျိုးသင့်အကြောင်းသင့် မဟုတ်တာတွေ လုပ်တတ်သလို၊ ယုတ္တိမတန် အတ္တဆန်တဲ့ လုပ်ရက်တွေကိုလည်း လုပ်တတ်ကြတယ်။ ✓ဘယ်လိုပဲဖြစ်ပါစေ...သူတို့ကိုခွင့်လွှတ်လိုက်ပါ။ မာသာထရီဇာ