Part-4 [Uni]

59 6 8
                                    



အိမ်ထဲခြေချလိုက်သည်နှင့် သာမန်ထက်ပိုတိတ်ဆိတ်နေတဲ့ရပ်၀န်း။ သေချာပေါက် ဒါသူ့အိမ်ဖြစ်သော်ငြား ကြိုဆိုမည့်သူမရှိ။

အိမ်၏မျက်နှာစာဧည့်ခန်းထက်၌ ထီးထီးမားမားတည်ရှိနေသည့် သူနဲ့ဒယ်ဒီနှစ်ယောက်တည်းပုံ။ ထိုပုံလေးကိုကြည့်ပြီး နှုတ်ခမ်းထက်အပြုံးရေးရေးထင်လာသည်။ ဒယ်ဒီသူ့ကိုအရမ်းချစ်မှန်း မေတ္တာတွေထပ်တူကျသည်မို့ ခံစားမိသည်။ လူချင်းမတွေ့ရသည့်တိုင် သူနဲ့ဒယ်ဒီရဲ့မေတ္တာဟာ လျော့ရဲမသွား။

အိမ်မှာဘယ်သူမှမရှိပုံထောက် သူပြန်လာတာမသိ၍ဖြစ်လောက်မည်။ ဒယ်ဒီ့ကိုတော့မနက်ဖြန်မှပြန်လာမည်ဟုပြောထားသည်ကြောင့် ထုံးစံအတိုင်း ကုမ္ပဏီမှာ အလုပ်ရှုပ်နေလောက်ပေဦးမည်။

အခန်းထဲ၀င်လိုက်တော့လည်း မနေတာကြာပြီဖြစ်သည့်အခန်းဟာ တောက်ပြောင်၍နေပေသည်။ ဖုန်းပြောတိုင်း 'မင်းအခန်းကိုအမြဲသန့်ရှင်းရေးလုပ်ခိုင်းထားတာ မင်းပြန်လာချင်တဲ့အချိန်အဆင်သင့်နေရအောင်' ဟုဆိုသည့်ဒယ်ဒီ။

တစ်နေကုန်ခရီးပမ်းထားသည်ကြောင့် ရေချိုးကာ အိမ်နေရင်းပေါ့ပေါ့ပါးပါး၀တ်စုံလဲလိုက်ရင်း ခုတင်ပေါ်ပက်လက်လှန်ချကာ ခဏချင်းအိပ်ပျော်သွားခဲ့သည်။

အိပ်ယာကနိုးတော့ ညနေခြောက်နာရီပင်ရှိချေပြီ။ ဒယ်ဒီပြန်ရောက်မရောက် အခန်းပြင်ထွက်ကြည့်ရင်သိမှာဆိုပေမယ့် ဒယ်ဒီ့ PA ဆီသာဖုန်းလှန်းတောက်လိုက်သည်။

"ကိုထက်ဝေ"

"ဗျာ...အ...အကိုလေး"

ကိုထက်ဝေ၏အထစ်ထစ်အငေါ့ငေါ့အသံကိုစိတ်တိုင်းမကျသော်လည်း မေးစရာရှိတာတော့ဆုံးအောင်မေးရပေမည်။

"ဒယ်ဒီ သူ့ရုံးခန်းထဲမှာပဲလား"

"ဟုတ်တယ်အကိုလေး၊ ဘော့စ်ကဒီညလည်းနောက်ကျမယ်ထင်ပါတယ်"

ကိုထက်ဝေ၏ ခပ်ညည်းညည်းအသံကြောင့် အလိုလိုပြုံးမိသွားသည်။ ဒယ်ဒီ့ PA ဖြစ်ရသည်မှာ လွယ်တဲ့အလုပ်တော့မဟုတ်။

"နေပါဦး၊ ဘာလို့ဒယ်ဒီက အလုပ်တွေကိုဒီ‌လောက်ကုန်းရုန်းလုပ်နေတာလဲ၊ ဘယ်သူ့အတွက်လဲ ဒယ်ဒီတစ်ယောက်ယောက်နဲ့တွဲနေတာလား"

နမ်း ရှိုက် ခွင့် ( Ongoing )Opowieści tętniące życiem. Odkryj je teraz