ဒီနေ့မှ ကြားသားမိုးကြိုး သာလွန်းဘက်မှ အရင်ဆက်သွယ်သည်ကြောင့် စေရာတို့သုံးယောက် ဆိုင်ကယ်ပြိုင်ကွင်း၏ အဆောက်အဦးရှေ့၌ စောင့်နေခြင်းဖြစ်သည်။
"ဟေ့ကောင်စေရာ၊ မင်းလင်ပါသားလေးက ဟုတ်ရောဟုတ်ရဲ့လားကွာ ငါတို့စောင့်နေတာနာရီ၀က်ရှိပြီကို"
ထိန်ညီးစကားကြောင့် စေရာသွားဖြဲပြရင်း
"ဟီးဟီး သူငါ့ကိုပြောတာလေးနာရီမှတဲ့၊ ငါကစိတ်လောပြီး တစ်နာရီကြိုထွက်လာတာ အဟဲ"
"ဖြောင်း!!!"
စကားဆုံးသည်နှင့် ထိန်ညီးလက်ဝါးက စေရာ့ဇက်ပိုးနှင့်မိတ်ဆက်သွားသည်။
"သူတောင်းစား"
"ဒါနဲ့ စောင့်ရတာမကြိုက်တဲ့ တည်တံ့တို့ငြိမ်နေတယ်ရော"
စေရာ့စကားကို လျစ်လျူရှုကာ စီးကရက်လေးမီးညှိလျက် ရှိုက်ဖွာလိုက်သည်။ မည်သည့်စကားမှမဆို။
နာရီ၀က်လောက်ကြာပြီးနောက် သူတို့ရှေ့ အဖြူရောင် auddi ကားလေးစိုက်ရောက်လာခဲ့သည်။
ကားတံခါးပွင့်သည်နှင့် ဦးစွာတွေ့ရသည်က နက်ပြာရောင်ကတ္တီပါလေးထက် ဖြူဖြူနုနုခြေဖမိုးလေး။
ခြေထောက်လေးကိုပဲတမေ့တမောငေးကြည့်နေစဉ် လူတစ်ကိုယ်လုံးထွက်လာပြီး
"စောင့်နေတာကြာပြီလား စေရာ"
စေရာ့ကိုဦးတည်မေးလာတဲ့သူ။
စတစ်ကော်လာအနက်ကို ယောပုဆိုးအနက်ဖြင့်တွဲဖက်၀တ်ဆင်ထားပြီး ဆံပင်တွေကိုလည်း သေသပ်စွာပုံသွင်းထားလျက်။
ခုရှေ့ကလူပုံစံက ဆိုင်ကယ်ပြိုင်မောင်းမှာနဲ့မတူဘဲ ဘုရားကျောင်းမှာဥပုတ်သွားစောင့်မယ့် လူယဉ်ကျေးလေးလို။
"မင်း ဒီပုံစံနဲ့ဆိုင်ကယ်စီးမှာတော့မဟုတ်ဘူးမလား"
ထိန်ညီးအမေးကို သွားစွယ်ချွန်ချွန်လေးတွေပေါ်သည်အထိပြုံးပြကာ
"ဒါကိုယ့်ဒယ်ဒီပိုင်တဲ့အဆောက်အဦးလေ"
အမေးနဲ့အဖြေကတစ်ခြားစီဖြစ်သော်လည်း အဆောက်အဦးထဲ၀င်သည်နှင့်သဘောပေါက်လိုက်သည်။
YOU ARE READING
နမ်း ရှိုက် ခွင့် ( Ongoing )
Romance*လူတွေဟာ မကြာခဏ အကျိုးသင့်အကြောင်းသင့် မဟုတ်တာတွေ လုပ်တတ်သလို၊ ယုတ္တိမတန် အတ္တဆန်တဲ့ လုပ်ရက်တွေကိုလည်း လုပ်တတ်ကြတယ်။ ✓ဘယ်လိုပဲဖြစ်ပါစေ...သူတို့ကိုခွင့်လွှတ်လိုက်ပါ။ မာသာထရီဇာ