"ဝန်းလေးရယ်...ကိုကိုတောင်းပန်ပါတယ်ကွာ...စိတ်မဆိုးပါနဲ့တော့''"မရဘူး...ခင်ဗျား လွန်လွန်းအားကြီးနေပြီ''
"ကိုကို နောက်ခါဆင်ခြင်ပါ့မယ်...အခုက အကူညီတောင်းလို့ လုပ်ပေးရတာမို့လို့ပါ ကို့ကိုနားလည်ပေးပါကွာ''
"ခင်ဗျားးး...ဒီနေ့က ကျွန်တော်တို့ Movie dateဖို့ချိန်းထားတာဆိုတာ သိသိကြီးနဲ့...ကျွန်တော်ဘယ်လောက်ကြည့်ချင်နေခဲ့လဲ မျှော်လင့်နေခဲ့လဲ ခင်ဗျားသိသိကြီးနဲ့...''
ဒေါသသံဖြင့်ပြောနေရာက ငိုသံစွက်လာသည့်အခါ Jayတစ်ယောက် ရင်ထဲအပူမီးကြွလာတော့သည်။ဒီကမ္ဘာမှာအပူဆုံးက ချော်ရည်မဟုတ်ပဲ အချစ်လေးရဲ့မျက်ရည်ပဲ။
"ကဲပါ ဝန်းလေးရယ် ကိုကို့ကို ခဏလေးပဲအချိန်ပေးပါ...ဒီနေ့ကိုမဖြစ်ဖြစ်တဲ့နည်းနဲ့ကြည့်လို့ရအောင်လုပ်ပေးပါ့မယ် နော်''
လက်သီးဆုပ်လေးနှစ်ဖက်ကို လက်ထဲမရမကထည့်ရင်း ငိုနေသော ဝန်းလေးကို နှစ်သိမ့်ပေးရသည်။အသည်းအသက်ကလေးကို စိတ်ညစ်အောင်လုပ်ဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့။ဂျောင်ဝန်းလေးငိုတာမြင်တော့ ဟိုကောင့်စကားကို လက်ခံမိတာကိုပဲ ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်။
သူနေမကောင်းအတော်ဖြစ်နေလို့ ခဏလောက်လာကြည့်ပေးဖို့ ခခယယတောင်းဆိုနေသည်ကြောင့် ပစ်ထားဖို့ရာ မတတ်သာသည့်အခြေအနေ။
အကူအညီတောင်းတော့လဲ သူများအခြေနေကိုမမေး သူဖြစ်ချင်တာကိုပဲ အရင်ပြောပြီး ဖုန်းချသွားသူကြောင့် စိတ်ထဲတော့ ဆဲပေးလိုက်သည်။
အချစ်ကလေးနှင့် Dateရန် ရုပ်ရှင်ရုံတောင်ရောက်နေပြီးသားဖြစ်နေသည်ကိုတောင် ဂျောင်ဝန်းကို အရေးကြီးကိစ္စရှိလို့ မြန်မြန်ပြန်ရအောင်ဆိုပြီး အတင်းကားထဲဆွဲသွင်းလာခဲ့ရတာ။ဟိုကလေးမှာ မျက်စိလေးကလယ်ကလယ်နဲ့ Jayဆွဲခေါ်ရာ တစ်လျှောက်ပါလာပြီး တစ်လမ်းလုံး မျက်နှာမကောင်းပဲပါလာရတာ။
နောက်ဆုံး Sim Jakeအိမ်ဆီသွားရာလမ်းကို သတိထားမိတော့မှ ပေါက်ကွဲပါလေရော။
အခုလဲ Jakeရဲ့အိမ်ရှေ့မှာ ကားရပ်ထားရပြီး ကားပေါ်မှမဆင်းပါဘူးဆန္ဒပြနေသူလေးကို အတင်းချော့မော့ရသည်။