(အားလုံးကိုပြောချင်တာလေးရှိပါတယ်ရှင့်....ficဆိုသည့်အတိုင်းပဲ အားလုံးကစိတ်ကူးယဥ်ရေးထားခြင်းဖြစ်သည့်အတွက် အပြင်တကယ့်လက်တွေ့မှာလိုက်လုပ်ရမည်ဟုမဆိုလိုပါ။အချစ်ဆိုသည်မှာ ခြိမ်းခြောက်လုပ်ယူထားလျှင် အချစ်မဟုတ်။toxicသာဖြစ်ပါသည်။ficထဲတွင်သာချိုမြိန်လိမ့်မည်။လက်တွေ့တွင်တော့ victims က တကယ်ကိုစိတ်ဆင်းရဲရပါတယ်။ဒါကြောင့် ficကိုficလိုပဲသဘောထားဖတ်ပေးပါရန် တိုက်တွန်းပါရစေရှင်။)..............................
"ခင်ဗျားး...ဘာပြောလိုက်တာ''
မယုံကြည်နိုင်သော မျက်ဝန်းတွေနှင့်အတူ တုန်ယင်နေသော အသံ။ဒီကလေးနှယ်...စိတ်လှုပ်ရှားလွယ်တတ်လိုက်တာ။
မျက်နှာကို အနီးကပ်ရှုစားနေရာမှဖယ်ခွာပြီး ကိုယ့်နေရာမှာသေချာထိုင်ကာ သွားလေရာကိုယူသွားဖြစ်သော စာအုပ်ငယ်ကို ကောင်လေးဆီသို့ပစ်ပေးလိုက်သည်။
"ဖတ်ကြည့်...''
လက်ထဲရောက်လာသော စာအုပ်သည်အနည်းငယ်ဟောင်းနွမ်းနေဟန်ဖြစ်သော ဒိုင်ယာရီစာအုပ်လေးတစ်အုပ်ဖြစ်သည်။နားမလည်နိုင်စွာထိုလူကိုပြန်ကြည့်မိလျှင် ကျွန်တော့်ကိုကြည့်မနေ။
စာမျက်နှာတစ်ချို့ကိုစတင်ဖတ်ရှုနေသောကျွန်တော်သည် ဘာတွေလဲဆိုတာနားမလည်နိုင်ခဲ့။ဒိုင်ယာရီစာအုပ်ထဲက နေ့စွဲတွေတစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလာလေလေ ကျွန်တော့်လက်အစုံဟာလဲတုန်ယင်လေလေ။
ဒါ....ဒါက...ဘာတွေလဲ။
မျက်ရည်တွေဝိုင်းလာသော ကောင်လေးသည် စာအုပ်ကိုအသည်းအသန်ဖတ်နေရင်းမှ အံကြိတ်ထားသေးသည်။ကိုယ်တိုင်ပြောရမှာထက် ဒီလိုပဲတိုက်ရိုက်သိစေလိုက်တာက ကိစ္စတွေကိုပိုမြန်သွားအောင်လုပ်ပေးလိုက်နိုင်မှာကို ယုံကြည်သည်။သူနာကျင်ရမယ်မှန်းသိနေပေမယ့်လဲ မတတ်နိုင်ဘူးးး။ဒါဟာ သူလဲခံစားသင့်သည့်မို့...ကိုယ့်ကိုတော့ ဗွေမယူစေချင်ဘူး။
"ဒါ...ဘာတွေလဲ...ကျွန်တော်နားမလည်တော့ဘူးးး...''
မယုံကြည်နိုင်ဖြစ်နေတဲ့ထိုကောင်လေးး။စာအုပ်ကို လက်ထဲကြေမွမတတ်ဆုပ်ကိုင်ထားရင်းမှ ကျွန်တော့်ရင်ဘတ်ကိုလဲဖမ်းဆွဲထားသေးသည်။