နွေရာသီပီသစွာ တနေကုန်ပူလောင်နေရသည်က ညရောက်တဲ့အချိန်ထိမအေးသွား။အပြင်ပိုင်းအပူထက် ရင်ထဲကအပူမီးသည် မည်သည့်အခါမှမငြိမ်းသွားသည်ကြောင့် လူတစ်ကိုယ်လုံးက အတွင်းကောအပြင်ကပါ မီးနဲ့မြိုက်ထားသလို ခံစားရသည်။အကိုဟီဆွန်းရဲ့မျက်ရည်တွေကို မမြင်ချင်ယောင်ဆောင်ပြီးနေနေပေမယ့် ရက်ပေါင်းများလာလေလေ ကျွန်တော်ပိုပြီး သနားမိလာလေဖြစ်သည်။
အကိုဟီဆွန်းက လူဆိုးကောင်ကို ချစ်နေတဲ့အတွက်ကြောင့် ကျခဲ့ရတဲ့မျက်ရည်တွေသည် ကျွန်တော်မသိခဲ့သည်အချိန်အထိဆိုရင် မည်မျှရှိနေလောက်မည်နည်း။
တိတ်တိတ်လေးခိုးငိုနေပေမယ့် အမြဲလိုလိုစောင့်ကြည့်နေတတ်သောကျွန်တော့်၏အာရုံကြောင့် နောက်ပိုင်းတွေဆို သတိထားမိတတ်လာသည်။
အချိန်မတော်အချိန်တော်လဲ ဟိုလူခေါ်ရင်ကိုကိုသွားရသည်။Duty offပြီးပြန်လာရင်လဲ မနားရဘူး။ဟိုလူခေါ်ချိန်နဲ့တိုက်ရင် အပြေးသွားရပြန်သည်။
တခါတလေ စဥ်းစားမိတယ်။ကိုကို့ကို ခြိမ်းခြောက်ပြီးများ မရမကတွဲနေသလားဆိုတာကိုပင်။
အခုတလော ကိုကိုက မျက်နှာလေးတောင်သေးလာသလိုပဲ။ကိုကို့ဒုက္ခတွေကို ကူညီပေးချင်တယ်။ကိုကို့ရဲ့ ညီငယ်လေးအနေနဲ့ ကူညီပေးလို့ရတာရှိရင် ဖြစ်အောင်ကူညီပေးခြင်းတယ်။
........................
"ကိုကိုအလှလေး....?''
ခေါ်သံကြောင့် လှည့်ကြည့်မိလျှင် ပြုံးပြုံးကြီးကြည့်နေသော နီခီ။
"အာ...ဘာဖြစ်လို့လဲ''
"ဘာတွေအတွေးဝင်နေတာလဲဗျ...သင်ခန်းစာထဲစိတ်မပါဘူးလား my beautyရဲ့''
"ဟင်...ကိုယ် စိတ်ပါ,ပါတယ်..why? "
"သေချာရဲ့လား...beautyလေးဆွဲထားတဲ့ပုံကိုလဲ ပြန်ကြည့်ကြည့်ပါဦး''
သူပြောမှ ပြန်ကြည့်မိသည်။ကျွန်တော်ဆွဲထားသည့် ပန်းခင်းကြီးသည် ပျော်စရာမကောင်းပဲနဲ့ ခြောက်ကပ်နေသလိုပဲ။
"ဆရာက ကြည့်လိုက်တာနဲ့ ပျော်စရာကောင်းတဲ့ရသကိုပေးနိုင်တဲ့ပုံဆွဲခိုင်းတာနော်...beautyလေးးး''