Ep_7

419 61 17
                                    


ခြံဝင်းကျယ်ကြီးသည် ညခင်းအချိန်အခါဖြစ်နေသည်တောင်မှ မီးရောင်များဖြင့် လင်းနေသည်မှာ နေ့ဘက်သကဲ့သို့ဖြစ်နေသည်။

ကားဖြင့်ဝင်လာလျှင် ဆယ်မိနစ်နီးပါး မောင်းဝင်ရသည်။အထက်တန်းဆန်လွန်းမက ဆန်လွန်းနေသော ခြံကြီးကိုမြင်သည်နှင့်တင် ထိုပိုင်ရှင်များ၏ ပိုင်ဆိုင်မှုများကို ထည့်တွက်လို့တောင်ရမည်မဟုတ်။

ကားလေးသည်ခြံဝင်းကျယ်ကြီးကိုဖြတ်လာပြီးနောက် ကားပါကင်မှာ ကားရပ်လိုက်သည်။

Sim jakeကားပေါ်ကဆင်းပြီး ကားသော့ကို လက်ညှိုးဖြင့်လှည့်ရင်း လေတချွန်ချွန်ဖြင့် အိမ်ထဲဝင်လာခဲ့သည်။

အိမ်ထဲဝင်သည်နှင့် အိမ်ကြမ်းပြင်၏ပြောင်လက်နေမှုသည် ကိုယ့်ပုံရိပ်ကို ကောင်းကောင်းမြင်ရသည်အထိ။

အိမ်ထဲတွင် အိမ်အကူများစွာရှိပါသော်လည်း ယနေ့တွင်မူ သိပ်ပြီးမမြင်မိ။ဒါဟာ ထုံးစံလိုပင်ဖြစ်နေသည်မို့ ထွေထွေထူးထူး စဥ်းစားမနေတော့ပဲ ဖေဖေ့အခန်းသို့ တန်းဝင်လာလိုက်သည်။

"ဒေါက် ဒေါက် ''

"ဖေဖေ...သားJakeပါ...ဝင်ခဲ့လို့ရမလား''

အခန်းတံခါးခေါက်ပြီး ဝင်ခွင့်တောင်းလျှင် ဖေဖေ့၏ဝင်ခဲ့ရန် ပြောသံကြောင့် ဝင်လိုက်သည်။

ကျွန်းရောင်ပြောင်လက်နေသော အလုပ်စားပွဲရှေ့တွင် စာအုပ်တစ်အုပ်ကိုဖတ်လျှက် အနေအထားဖြင့်ရှိနေသော ဖေဖေသည် Jakeဝင်လာသည်ကို မြင်သည်နှင့် ထိုစာအုပ်ကို အံဆွဲထဲသို့ထည့်လိုက်သည်ကို တွေ့ရသည်။

ရွှေရောင်ကိုင်းတပ်မျက်မှန်သည် ဖေဖေ့၏မျက်နှာကိုပိုမို နုပျိုသွားသယောင်ခံစားချက်မျိုးပေးသည်။သားနှစ်ယောက်အဖေ ဖြစ်လင့်ကစားမူ ဖေဖေ့၏အရွယ်တင်နုပျိုမှုသည် စံတင်ရလောက်သည်။

ဖေဖေရယ်လိုက်လျှင် ချိုင့်ဝင်တတ်သော ပါးချိုင့်တို့သည် နက်ရှိုင်းစွာရှိနေတတ်ပြီး မေမေ့စကားအရဆိုလျှင် ငယ်စဥ်အရွယ်က ဖေဖေသည် အတော်ကို နာမည်ကြီးခဲ့သည်ဟူ၍ မကြာခဏပြောတတ်သည်။

"သား...ထိုင်ဦး''

အလုပ်စားပွဲမှထပြီး ဆက်တီခုံများရှိရာသို့ လက်ပြပြီး ဝင်ထိုင်ခိုင်းသည်။

I FOUND MY YARROWWhere stories live. Discover now