Ep_13

314 41 6
                                    

အိမ်နဲ့ဝေးနေသည်မှာ ဒီနေ့နဲ့ဆို ရက်ပေါင်း၁၀ရက်...။

ရုတ်တရက်ဆန်လွန်းတဲ့ ဒီအခြေအနေကို အခုထက်ထိ အံဝင်ခွင်ကျမနေနိုင်သေးဘူး။အဲ့ဒီနေ့က သူဆွဲခေါ်တဲ့နေရာသာပါလာတာ ဘယ်နေရာလဲဆိုတာလဲမသိဘူး။တခြားမြို့ကိုရောက်နေတာတော့ အသေချာပဲ။ငိုလွန်းပြီးအိပ်ပျော်သွားတာ ကိုယ့်အမှားလို့ဆိုရမယ်...။အိမ်နဲ့လဲအဆက်အသွယ်လုပ်လို့မရဘူး...။သူ့ရဲ့ကိုယ်ပိုင်ဖုန်းလေးဟာ Sim Jakeဆီမှာဖြစ်နေတာရယ်၊အခုအိမ်မှာလဲ ကြိုးဖုန်းလေးတစ်လုံးတောင်မရှိတာရယ်ကြောင့်...။

ပတ်ပတ်လည်ကြည့်ရင်တောင်တန်းတွေပဲရှိတဲ့ ဒီနေရာလေးက လှပေမယ့် တိတ်ဆိတ်လွန်းတယ်။အပန်းဖြေအိမ်မှန်းသိသာအောင် ဆောက်ထားတဲ့အိမ်လေးက တကယ်ကိုချစ်စရာကောင်းတာ။ပတ်ဝန်းကျင်အနေအထားနဲ့ တကယ်လိုက်ဖက်တယ်။

စရောက်လာတဲ့နေ့က အဖြစ်အပျက်တွေကို အခုထက်ထိ မမေ့နိုင်သေးဘူး။

ထိုလူက ကြမ်းတမ်းမလိုနဲ့ ထူးဆန်းတယ်။ရူးကြောင်ကြောင်ရီနေတဲ့အခါမျိုးလဲရှိတယ်။ကြာလေကြာလေSim jakeကို နားမလည်တော့သလိုပဲ။

ကျွန်တော့်ကို အတင်းအကြပ်လက်ထပ်မယ်ပြောတဲ့သူက အခုချိန်ထိ ကျွန်တော့်အသားကိုမထိဖူးဘူး...။

.....Flash back....

အနက်ရောင်ကားလေးသည် မြို့ဝင်လမ်းမထက်တွင် တငြိမ့်ငြိမ့်မောင်းနေသည်။

ညမှောင်နေသည်မို့ ဖြည်းဖြည်းချင်းမောင်းရုံကလွဲပြီးမတတ်နိုင်ဘူး။ကိုယ်တိုင်ဆိုရင်အရေးမကြီးပေမယ့် ဘေးမှာအိပ်ရင်းလိုက်လာတဲ့ ကောင်လေးကြောင့်သာ သတိထားမောင်းနေရခြင်း..။

အငိုသန်လေးကတော့ မုန်းပါတယ်လို့မရေတွက်နိုင်အောင်ပြောရင်း မောလာသည်ထင့်။အိပ်ပျော်သွားသည်မှာ လမ်းတစ်လျှောက်လုံးဖြစ်သည်။

အသေအချာကိုအိပ်နေတဲ့ကောင်လေးကိုကြည့်ရင်း ကျွန်တော့်နှုတ်ခမ်းတွေသည် မသိလိုက်ခင်မှာပဲ ပြုံးမိလျက်သား...။

အခုခြေနေကိုပြန်ကြည့်ပြန်တော့ သူ့ကိုခိုးပြေးလာလိုက်သလိုပဲ။ခိုးပြေးချင်လာအောင်လုပ်နေတာကလဲ ဒီကောင်လေးကြောင့်ပဲလေ...ဘာလို့သဝန်တိုအောင်လုပ်သလဲ။

I FOUND MY YARROWWhere stories live. Discover now