မဟူရာညကောင်းကင်ယံသည် ကြယ်များလင်းလက်နေသည်က ဟိုတစ်ပြောက် ဒီတပြောက်...။မိုင်ကုန်တင်မောင်းနေသော ဆိုင်ကယ်လ်၏ အင်ဂျင်မှအသံသည် ကားလမ်းမကျယ်တစ်လျှောက်တွင် ပဲ့တင်ထပ်လျက် ကျန်ခဲ့သည်။
တစ်ပတ်လုံး စိတ်ထဲတနုံနုံဖြစ်နေခဲ့သော ကိစ္စသည် ယခုထိတိုင် မကျေလည်နိုင်သေး..။
ကိုကို့၏အိမ်သို့ရောက်နေသော လူစိမ်းကောင်လေး၏အကြောင်းကို တစ်စုံတစ်ရာမှ စုံစမ်း၍မရ...ကိုကိုကလဲ ဘယ်သူဆိုတာ ရေရေရာရာမပြောပဲနေသည်။
ကိုကို့ကို အဲ့ဒီကိစ္စဖြင့် စကားလဲမပြောတော့သလို ကိုကို့အိမ်သို့ခြေဦးတောင်မလှည့်ဖြစ်။
သူတို့နှစ်ယောက်ဖက်ငိုနေတဲ့နေ့ထဲက သေချာရှင်းပြခိုင်းနေသော်လည်း ကိုကို့၏နောက်မှဆိုသော စကားသည် Sim Jakeကို စိတ်ဆိုးစေသည်။အဲ့ဒီတုန်းတည်းက ကိုကို့ဆီဖုန်းလဲမဆက်ဖြစ်ဘူး...ကိုကိုလဲ မဆက်ဘူးလေ။ခပ်ကြမ်းကြမ်းဖြတ်တိုက်နေသောလေအေးများသည် Sim Jake၏စိတ်ကိုမလန်းဆန်းစေနိုင်။တရိပ်ရိပ်ကျန်ခဲ့သော ပုံရိပ်များသည် အတိတ်တွင်ကျန်ခဲ့သော မြင်ကွင်းများနှယ်...။
ဘာရယ်မဟုတ်ပဲ ဦးတည်ရာမဲ့စွာ မောင်းနေမိသော ဆိုင်ကယ်လ်၏ နောက်ဆုံးရောက်ရှိနေသည့်နေရာသည် ကိုကို့အိမ်ရှေ့အကွယ်တွင်သာ...။
ဘယ်လိုဖြစ်ပြီး ဒီနားရောက်လာသလဲ မသိတော့ဘူးး...။စိတ်ထဲမှာ ဒီနေရာကို ထပ်မလာတော့ပါဘူးလို့ ဆုံးဖြတ်ထားခဲ့တာတောင် နောက်ဆုံးလားရာက ဒီနေရာတဲ့လား..။
စိတ်ရှုပ်စွာဖြင့် Helmetကိုဆွဲချွတ်ကာ ရှုပ်ပွနေသော ဆံပင်တို့ကို ဆွဲဆောင့်နေမိသည်။စိတ်ထဲ အတော်ရှုပ်ထွေးနေသည်မှာ ဒီရက်ပိုင်းအတွင်း အိမ်တွင်တောင်မကပ်နိုင်။အရက်သောက်လိုက် ဆိုင်ကယ်လ်မောင်းလိုက်နှင့် လူပေလူတေလုပ်နေမိသည်။
ရုတ်တရက်ဆိုသလို ခြံတံခါးသည် ပွင့်ဟလာသည်မြင်မိသည်။မှောင်ရိပ်ကွယ်သော နေရာတွင်ရပ်နေသည်မို့ ခြံထဲကထွက်လာသူသည် Sim Jakeကို မမြင်သည်မှာ အသေအချာ။
Jakeလဲ ဒီထက်အနောက်ကိုနည်းနည်းဆုတ်ရင် ဘယ်သူလဲဆိုတာကို ခိုးကြောင်ခိုးဝှက်ကြည့်နေမိသည်။