နွေလယ်ညသည် အပူဓာတ်တို့ လွန်ကဲစေကာမူ Sim Jake၏ရင်တွင်းမှ အပူမီးကိုတော့ ယှဥ်နိုင်မည်မဟုတ်...။ရင်ခုန်သံတွေကို ဗြောင်းဆန်သွားအောင် စေခိုင်းခဲ့သူသည် ယခုတွင်မူ ရင်ခွင်ထဲတွင် အသက်ရှူမှန်မှန်ဖြင့် အိပ်ပျော်နေသည်။
ထိုသူ၏ဝင်လေထွက်လေသည် Sim Jake၏ ရင်ဘတ်ပေါ်သို့ စည်းချက်မှန်မှန်ဖြင့် ခပ်နွေးနွေးလေး ကျရောက်နေသည်။
ရင်ခွင်ထဲသို့ အတင်းတိုးဝင်နေခြင်းကြောင့်
နဖူးပြင်ပြေပြေထက်သို့ ကျဆင်းနေသော ဆံသားများကို သပ်ပေးမိနေရင်း နှာတံစင်းစင်းဆီသို့ ရောက်ရှိသွားသောJake၏အပိုင်ဖြစ်သော လက်များသည် ရပ်တန့်ခိုင်းလို့မရ....။ထိုမှတစ်ဆင့် နူးညံ့စိုစွတ်ဆဲ နီထွေးထွေး
နှုတ်ခမ်းပါးလေး....။ထိုနှုတ်ခမ်းတွေက အနမ်းရိုင်းတွေဖြစ်လာသည်အထိ Jakeဆိုသော လူသားကို စွမ်း
ဆောင်နိုင်သည်။အခုချိန်ထိ လတ်ဆတ်နေသေးသော အနမ်းများကို ပြန်မြင်ယောင်ရင်းရင်ဘတ်တွင်းတနေရာမှ ချုပ်ထိန်းထားသည့်
စိတ်ရိုင်းများသည် အတားအဆီးစည်းများကို ချိုးဖျက်ချင်၍အော်ဟစ်ရုန်းကန်နေသည့်နှယ်....။ကိုယ့်အဖြစ်ကို သဘောတကျရီမိရင်း နှာတံချွန်လေးကို မနာအောင် ဖွဖွလေးဆွဲညှစ်လိုက်သည်။
"ကိုယ်တကယ်ကြီး...
ဘယ်လိုလုပ်ရပါ့တော့မလဲ
သဘောကျနေမိပြီ
မင်းကို.....။''ခပ်သဲ့သဲ့ရီလိုက်ရင်း နှုတ်ခမ်းပါးထက်မှလက်တွေကို ဆက်ပြီးနယ်မကျော်မိစေရန် ရပ်တန့်လိုက်သည်။ညနက်မှ ဖုန်းခေါ်သည်မှာ respectမရှိရာရောက်သော်လည်း မတတ်နိုင်ဘူး...Jayကိုအခုချက်ချင်းပဲ ဖုန်းဆက်ဖို့လိုအပ်နေပြီ။
တတူတူဖုန်းဝင်သံအဆုံး Jay၏ စိတ်မရှည်သည့်အသံကိုကြားရသည်။
"Sim Jakeအခုမှ ဆက်ရလား...ငါအိပ်ကောင်းနေတဲ့အချိန်ကို''
အိပ်ချင်မူးတူးနဲ့ငေါက်နေပုံကို တစ်ချက်လောက်ရီပေးလိုက်သည်။ခုချိန်ဖုန်းဆက်ရင် မကြိုက်မှန်းသိနေသောကြောင့် ဘာမှတော့ပြန်မပြောလိုက်...။