"ဒေါက် ဒေါက် ''တံခါးခေါက်သံနှစ်ချက်သည် အခန်းထဲတွင် ရေချိုးပြီးအဝတ်လဲနေသူကို လန့်သွားစေသည်။
"ဘာကိစ္စရှိလို့လဲ...''
တံခါးမဖွင့်ပေးပဲ အသံပြန်ပေးပြီး အဝတ်တွေကိုကမန်းကတမ်းဝတ်လိုက်သည်။
"ထမင်းစားချိန်ကျရင် အောက်ဆင်းခဲ့''
"အင်းး...သိပြီ''
အခန်းရှေ့ကခြေသံတရှပ်ရှပ်သည် တဖြည်းဖြည်းဝေးကွာသွားမှသာ တံခါးနားသွားပြီး အပြင်ဘက်သို့ တံခါးဟကာ ချောင်းကြည့်လိုက်သည်။
Sim Jake၏အရိပ်အယောင်ကိုမတွေ့ရမှ သက်ပြင်းချပြီး အခန်းထဲ ပြန်ဝင်လိုက်သည်။
ကုတင်ပေါ်သို့ ခြေပစ်လက်ပစ်ထိုင်ချရင်း အခုဖြစ်နေတဲ့အခြေအနေတွေကို ထိုင်စဥ်းစားနေမိသည်။
ရုတ်တရက်ကြီး မုန်းပါတယ်ဆိုတဲ့သူနဲ့ခိုးရာလိုက်ပြေးသလိုအခြေအနေကြီးကို ဘယ်လိုကြီးပါလိမ့်။ဒီကြားထဲ ကိုယ့်ရဲ့အဖေက Sim Jakeအပေါ်ကို ခွင့်လွှတ်လို့မရတဲ့အမှားကြီးလုပ်ထားသေးတာ....။
ပြောရရင် ဖေဖေ့ကို တအားစိတ်ဆိုးမိတာအမှန်။ဒီလောက်ကိစ္စကြီးကို တစ်ခါမှ ဖွင့်ပြောဖူးခြင်းမရှိပါပဲ လိမ်ထားသည်။ကိုကိုသည်လည်း ဒီကိစ္စတွေကြောင့် Sim Jakeဆီမှာအလူးအလဲ နှိပ်စက်ခံနေရတာ။ဖေဖေက သူ့သားအရင်းကို မထိခိုက်စေချင်တာနဲ့ပဲ ကိုကို့ကို သူများဆီထိုးကျွေးပစ်တာ...။
တစ်သက်လုံး တလေးတစားနဲ့ ချစ်ခဲ့ရတဲ့ ဖေဖေက ဒီလိုတွေလုပ်မယ်ဆိုတာ ခုထက်ထိမယုံကြည်နိုင်သေးဘူး။
အဲ့ဒါကြောင့်လဲ ဖေဖေ့ကိုအရွဲ့တိုက်ချင်တဲ့စိတ်နဲ့သာ ဒီလူနောက်ကိုလိုက်လာတာ...။ပြီးတော့.....ကိုကို့ကြောင့်။
ကိုကို့ကို ဒီလိုတွေမခံစားစေချင်တော့ဘူး။အခုလိုမျိုး ကိုယ့်အဖေကြောင့် ဖြစ်ရတာဆိုတော့ ပိုပြီးအားနာရသလို ခံစားရသည်က နှလုံးသားတစ်ခုလုံးကြေမွမတတ်ပဲမို့...။
အတွေးတွေလွန်နေသည်မှာ အချိန်အနည်းငယ်ကြာသွားလောက်ပြီမို့ သတိဝင်လာတုန်းလေး နံရံကနာရီကိုကြည့်မိတော့ 8:30ဆိုသည်ကိုညွှန်ပြနေသည်။