Ep_1

1.2K 80 2
                                    


မီးရောင်စုံလင်းလက်နေသော ခန်းမကျယ်ထဲတွင် ရူးသွပ်စွာကခုန်နေကြသူ ဆယ်ကျော်သက်လူငယ်များသည် မူးယစ်စွာဖြင့် မြူးကြွကြွသံစဥ်များထဲ နစ်မြောနေကြသည်။

ထိုလူငယ်များသည် လူကုံထံသိုင်းဝိုင်းမှ အလိုလိုက်ခြင်းခံထားရသော အခွင့်ထူးခံလူတွေနှင့်ဆင်တူသည်။

နာမည်ကြီးမားသော ကလပ်ဖြစ်သည်နှင့်အညီ တရားမဝင်လုပ်ရပ်များသည်လည်း ဒုနှင့်ဒေးပင်...။

ပုံမှန်ဆိုရင် လူငယ်များသာ အလာများကြသောလည်း ယနေ့မှာတော့ ထူးခြားစွာပင် လူလတ်ပိုင်းများထဲမှ နာမည်ကြီးလုပ်ငန်းရှင်များပါ ရောက်ရှိနေကြသည်။

သီးသန့်ခန်းများတွင် မထိုင်ပါပဲ အပြင်ဝိုင်းတွင်သာ အသီးသီးတည်ငြိမ်စွာဖြင့် ထိုင်နေကြသည်။

ထိုသည်က အကြောင်းအရင်းရှိပေသည်။
ထိုကလပ်သည် Sမြို့တော်၏ အာဏာကို ချုပ်ကိုင်ထားသော ပုဂ္ဂိုလ်၏သားငယ်ဖြစ်သူ ခဏခဏလာတတ်သောကြောင့်ဖြစ်သည်။ထိုပုဂ္ဂိုလ်၏ပိုင်ဆိုင်မှုများထဲမှ စာမဖွဲ့လောက်သော စီးပွားရေးတစ်ခုမျှသာ ဖြစ်ပေမယ့်လဲ သားအငယ်ဆုံးလေးက ခဏခဏလာတတ်ခြင်းကြောင့် အသေအချာကို လုံခြုံရေးချထားတတ်သည်။

မည်သို့ပင် အသက်ငယ်စေကာမူ ဖခင်အတိုင်းပင် သြဇာညောင်းသည်ကြောင့် ထိုလူငယ်ကို မိတ်ဖွဲ့စကားပြောနိုင်ရန်ပင် လာမည့်ရက်ကို တကူးတကစုံစမ်းကြပြီး ယနေ့ကဲ့သို့ လာစောင့်နေသူများသည် အများအပြားရှိသည်။

ထိုစဥ်  waiterတစ်ဦးသည် Djသမားဆီသို့ အပြေးသွားကာ တိုးတိုးလေးကပ်ပြောသည်။ပြီးနောက်ချက်ချင်းဆိုသလို သီချင်းသံတို့ ရပ်တန့်သွားလေသည်။

"သခင်လေးလာပြီတဲ့လား...''

အခြေအနေကို အကုန်သဘောပေါက်ကြသည်က ရုတ်ရုတ်သဲသဲဖြစ်နေသော mangerနှင့် လုံခြုံရေးများကိုကြည့်ပြီးသိနိုင်သည်။

Dancing floorတွင်ကနေကြသူများသည်လည်း ဆက်မကကြတော့ပဲ ရောက်လေရာမှာသာရပ်တန့်နေကြသည်။ထိုင်နေကြသူများသည်လည်း စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးအရောင်တို့သည် လင်းလက်နေသည်။

I FOUND MY YARROWWhere stories live. Discover now