"ရှူးးး...မထူးနဲ့''မျက်ဝန်းတို့ဆုံချိန်တွင် နဖူးထက်သို့ ငြင်သာစွာ ကျရောက်သည့်အနမ်းတစ်ပွင့်...။
ရရှိခဲ့ဖူးသည့်အနမ်းတို့နှင့်ကွဲပြားစွာ ယခုချိန်မှာတော့ ဖြူစင်စွာ နွေးထွေးလျက်။
ကြောင်အစွာဖြင့် စိုက်ကြည့်နေရင်း ခါးကိုဆွဲဖက်လာပြီး သူ့ရင်ခွင်ထဲထည့်ထားသည်။လူတစ်ကိုယ်လုံး သူ့ရင်ခွင်ထဲရောက်နေမှ သိလိုက်ရသည်က ထိုလူ၏နှလုံးသားသည်လည်း ဆောင်ဟွန်းနည်းတူ ခုန်နေဆိုတာကိုပင် ဖြစ်သည်။
"ဟွန်းလေး...မရှိဘူးလား''
အကိုဟီဆွန်းသည် ဆောင်ဟွန်း၏ပြန်ဖြေသံမကြားရသောကြောင့် ပြန်ထွက်သွားသည်။ပြန်လည်ထွက်သွားသော ခြေသံတရှပ်ရှပ်ကို နားထောင်ရင်း မကြားရတော့သည့်အခါမှ တစ်ကိုယ်လုံးကို သိမ်းကြုံးဖက်ထားသူဆီမှ ရုန်းထွက်လိုက်သည်။
အတင်းရုန်းထွက်သွားသော ကောင်လေးသည် ကြမ်းပြင်ကိုသာငုံ့ကြည့်နေပြီး jakeကိုမျက်လုံးချင်းမဆိုင်ပဲ နေနေသည်။
"ဘာဖြစ်လို့လဲ...ကိုယ်ဖက်တာမကြိုက်လို့လား?''
"ခင်ဗျားက အကို့လူလေ...ကျွန်တော့်ကိုဘာလို့ ဒီလိုတွေလာလုပ်နေရတာလဲ?''
နားမလည်ဟန်မျက်ဝန်းတွေသည် ဖြူစင်လွန်းသည်။အပြစ်ကင်းစင်သော မျက်နှာချောချောထက်တွင် စိတ်ရှုပ်ထွေးမှုတို့က အထင်းသားမြင်ရသည်။
ဖြူလွန်းတော့လဲ အရောင်ဆိုးပစ်ချင်တာ ခွင့်လွှတ်...။
"ဒါဆို မင်းအကို မသိအောင် ခိုးတွဲကြမယ်လေ...''
"ခင်ဗျားးးး!!!''
မျက်နှာနားနီးကပ်လာပြီး ပြီတီတီပြောနေသောလူသည် တကယ်ကို အရှက်မရှိတော့ဘူးထင်သည်။ဘယ်လိုကြောင့် ဒီလိုစကားမျိုးပြောထွက်ရတာလဲ...။သူက ဒီလို အောက်တန်းကျမယ့်လူလို့များ ထင်နေတာလား...။အကိုဟီဆွန်းက ဒီလူကို ဘယ်လိုစိတ်နဲ့ အသဲပေါက်မတတ်ချစ်နေလဲဆိုတာ သူမစဥ်းစားတတ်တော့ဘူး..။
ထိုစဥ် အခန်းတံခါးသည် ရုတ်ချည်းပွင့်ဟလာပြီး အကိုဟီဆွန်း၏ စိတ်ပူနေဟန် မျက်နှာကိုပါ မြင်ရသည်။