"ကိုကို့ ကိုလိုချင်တယ်''"........''
"ဖြစ်နိုင်မလား?''
ရယ်သွေးသမ်းသော Sim jake၏အသံသည် မထိတထိစနေသည်မှာ သိသာလှစွာ ဟီဆွန်းကတော့ရင်မခုန်တတ်တော့....။
"အဟင်းး...ငါတို့ရည်းစားဖြစ်တဲ့သက်တမ်းတစ်လျှောက်မှာ မင်းငါ့ကိုတောင်မနမ်းဖူးခဲ့ပဲနဲ့များးး...''
တိတ်ဆိတ်သွားသော တစ်ဖက်လူကြောင့် ဟီဆွန်းခပ်ရေးရေးပြုံးမိသည်။သူ့ကို ဘာမှမသိတဲ့ ငတုံးလေးလိုဆက်ဆံနေတာပဲ Sim jakeကလေ...။ချစ်မိသွားလို့သာ အရှူံးပေးနေခဲ့တာ...ကိုယ်ဟာငတုံးမဟုတ်ဘူးဆိုတာကို မင်းကိုသိစေချင်တယ်။
"ငါ့ဆီကဘာလိုချင်တာလဲသာ တိုက်ရိုက်ပြောလိုက်... ''
ရွှင်ပျပျအသံသည် ရုတ်ချည်းပင် တိတ်ဆိတ်သွားပြီး သက်ပြင်းချသံခပ်သဲ့သဲ့သာ ဖုန်း၏တစ်ဖက်မှလူဆီက ကြားရသည်။
"ဘာရယ်ဆိုပြီးတော့မရှိပါဘူးကိုကို....။
ကျွန်တော်ကိုကို့အနားမှာပြန်နေချင်ရုံလေးပါပဲ...။ ''
ထိုသို့သော စကားတစ်ခွန်းသည်
မတ်တပ်ရပ်နေရင်းမှ ခြေထောက်တွေအားမရှိတော့သလိုမျိုး လူကပျော့ခွေစေသည်အထိ စွမ်းဆောင်နိုင်သည်။နံရံကို လက်သီးဖြင့်ထိုးပစ်လိုက်ချင်စိတ်သည်တဖွားဖွားပေါ်လာသည်။ထိုသူနှင့်ပတ်သက်လျှင် ဆင်ခြင်တုံတရားက ဘယ်နားသွားသေနေသလဲ...။
ရင်ထဲကလာသည့်စကားမဟုတ်မှန်းသိသိကြီးနဲ့ ပျှော်ရွှင်မှုပိစိလေးက နှလုံးသားမှ ခံစားနေရသည်ကိုက မှားနေတာ...။
ကိုယ့်အပေါ် လှည့်စားနေမှန်းသိနေခဲ့တာတောင် နှလုံးသားက ထိုသူ့ကို မငြင်းဆန်နိုင်ခဲ့တာနှင့်တင် လုံလောက်နေပြီမဟုတ်လား....။ဒီထက်ပိုပြီး မိုက်ရူးရဲဆန်ပြီး နှလုံးသားကို ဒဏ်ရာတွေထပ်မပေးသင့်တော့ဘူး...။
"ငါ...ငါ မင်းကို...''
"ကိုကို ဘာမှဆက်မပြောပါနဲ့တော့..။ကိုကို့ဆီက ဘယ်လိုစကားတွေပဲကြားနေရပါစေ ကျွန်တော်ကတော့ ကိုကို့အနားမှာတွယ်ကပ်နေမှာပဲ...။ကိုကို သိတယ်မဟုတ်လား...ကျွန်တော်ကိုကို့ကိုသိပ်ချစ်တာကိုလေ...။''