လူသူတိတ်ဆိတ်သော အရပ်ဒေသမို့ရယ်ပဲလားတော့မသိ။အေးချမ်းသာယာလျက် အရာရာက ငြိမ်သက်အေးဆေးနေသည်။တခါတရံ အနောက်ဘက်ဆီက တောင်တန်းကြီးတွေမှတဆင့်ကြားရတတ်တဲ့ တောနေတိရစ္ဆာန်အကောင်ငယ်တွေရဲ့ မြည်တွန်သံတွေကိုပါကြားနေရတတ်တာ။တစ်သက်နဲ့တစ်ကိုယ် ဒီလိုဆိတ်ငြိမ်တဲ့အရပ်ဆီကို ခြေဦးမလှည့်ခဲ့ဖူးဘူး။ပတ်ဝန်းကျင်က အေးချမ်းတိတ်ဆိတ်နေသလောက် ရင်ထဲမှာတော့ဗလောင်ဆူနေပြီ။
တနေ့တနေ့ Sim Jakeရဲ့ ပြုစားမှုတွေအောက်မှာ မပြိုလဲအောင် တောင့်ခံထားရတာက ပြိုကျတော့မယ်တာတမံကို ဝါးလုံးလေးနဲ့ထောက်ထားသယောင်ယောင်မို့...။
တခါတလေ ဖုန်းပြောနေတဲ့အခါတွေဆိုရင် လူဆိုးကြီးလို မဲ့ပြုံးပြုံးရင်း ဆေးလိပ်ငွေ့တွေမှုတ်ထုတ်လိုက်ပုံများ အသက်ရှူတောင်မှားရလောက်အောင်အထိပင်။အိမ်အောက်ထပ်ဆင်းတဲ့အချိန် သူနဲ့များဆုံလို့ကတော့ မျက်ခုံးတစ်ဖက်ပင့်တင်ရင်း မြူဆွယ်သလိုပြုံးပြတဲ့အပြုံးတွေကြောင့် လှေကားပေါ်က ချော်လဲမတတ်ဖြစ်ခဲ့ဖူးတယ်။
ပြန်ပေးဆွဲလာတာက sim jake ဖြစ်ပြီးတော့ ပြန်ပေးဆွဲခံရတာကို ပျော်လာတဲ့သူက ဆောင်ဟွန်းးး။
ဒီအခြေအနေကြီးက ဘာကြီးမှန်းမသိတော့လို့ ရူးချင်လာရလောက်အောင်အထိ။
.......................
"Sim jake"
နာမည်အပြည့်အစုံကို ခေါ်လာသူက ကျွန်တော့်ရှေ့မှာ မားမားမတ်မတ်ကြီးရပ်နေပြီးတော့ အခုပဲ စစ်တိုက်ထွက်တော့မယ့်စစ်သူကြီးလို ပုံစံဖြစ်နေသည်။
ရင်ဘတ်ကော့ကာ မျက်ခုံးနှစ်ဖက်ကိုပါ ထိစပ်လုမတတ် ကြုံထားလိုက်သေးသည်။
သူအရမ်းတွေ သတ္တိရှိနေပါသည်ပေါ့လေ။"ဘာဖြစ်လို့လဲ''
"ငါ့ကိုအိမ်ပြန်ပို့ပေးတော့ မင်းနဲ့အတူမနေနိုင်တော့ဘူး''
"ဘာဖြစ်တယ်?''
"မင်းကြားတဲ့အတိုင်းပဲ ငါနှစ်ခါမပြောဘူး''
ပေါက်စနက မင်းတွေငါတွေနဲ့ပြောရတဲ့အထိ သတ္တိရှိသွားတာ ဘယ်သူ့အားကိုးရှိနေတာမို့လို့ ပါလိမ့်။