[Zawgyi]
ညကအတော်လေးညဉ့်နက်သွားသည်မို့ ဒီမင်းနောင်နောင်အိပ်ယာနိုးသည့်အချိန်တွင်တော့ အချိန်အတော်လေးလးလင့်နေလေသည်။သူအိပ်ခန်းထဲမှ ထွက်လေတော့ အိမ်ကလူက အိမ်ရှေ့တွင် ငါးပိုက်တွေဖြင့်အလုပ်ရှုပ်နေလေသည်။မျက်နှာအမြန်သစ်ကာ သူတို့အလုပ်လုပ်နေသည့်နားသို့သွားလိုက်သည်။ချက်စူနှင့်ငကြွက်တို့မှာ အနားတွင်လာရပ်သည့်သူအားမော့ကြည့်လိုက်လေသည်။အချိန်အကြာကြီးအိပ်ထားရတာကြောင့် ကောင်လေး၏မျက်ခွံလေးတွေဖောင်းအစ်နေလေသည်။ထိုးထိုးထောင်ထောင်ဖြစ်နေသည့်ဆံပင်လေးတွေကိုလက်ဖြင့်သပ်ချရင်းကောင်လေးကသူတို့အားပြုံးပြလာလေသည်။
~ဒါပထမဆုံး ကောင်လေးကသူတို့အားပြုံးပြခြင်းဖြစ်သည်။
~ကောင်လေးကမျက်နှာချိုတယ်
ဒီကောင်လေးက မျက်နှာလုံးလုံးလေးဖြင့် ချစ်စဖွယ်ကောင်းသည်မို့ ချက်စူနှင့်ငကြွက်တို့လဲ တစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့်ကာ ကောင်လေးအားပြုံးပြလိုက်လေသည်။
တုတ်ကြီးကတော့ အေးအေးလူလူပင် ပိုက်မှ ငါးများကိုဖြုတ်ကာ ပုံးထဲထည့်နေလေသည်။တစ်ချက်ကလေးမျှပင်မော့မကြည့်။
ချက်စူက..ချောင်းဟန့်လိုက်သည်။
~ဟေ့ကောင်ရ..မော့ကြည့်ပါဟ..မင်းရဲ့ဇနီးလေးကပြုံးပြနေတယ်"အဟမ်း..."
ငကြွက်ကလဲ တုတ်ကြီးအားတံတောင်ဖြင့်တွတ်လိုက်သည်။
~မင်းရဲ့ဇနီးလေး ဒီလိုပုံစံက ချစ်စရာကောင်းနေတာ...မော့ကြည့်ပါအုံးဟ..အချိန်ကောင်းကို လက်လွှတ်မခံနဲ့လေနှစ်ယောက်သားစိတ်ထဲတွင် တုတ်ကြီးအားကျိတ်မနိုင်ခဲမရဖြစ်လာလေတော့သည်။ဒီတုတ်ကြီးက ပတ်ဝန်းကျင်ကိုနည်းနည်းပါးပါး ဂရုစိုက်ချင်စိတ်လေးဘာလေး မရှိဘူးလား။
"နိုးလာပြီလား.." သူက မော့မကြည့်ပဲမေးလိုက်သည်။
"အင်း...ဘာစားပြီးပြီလဲ..ကျွန်တော်တခုခုလုပ်မလို့.."
ဇနီးလေးက သူဘေးတွင် ထိုင်ချလိုက်ရင်း ငါးများကိုတစ်ချက်ကြည့်နေသည်။