[Zawgyi]
" ညှောင်!"!"
ကျောက်တုံးတွေပေါ်လှမ်းထားသည့်အဝတ်များကိုပြန်ဝတ်နေစဉ် သစ်ပင်ထက်ဆီမှ အသံစူးစူးတစ်သံထွက်ပေါ်လာလေသည်။
လိပ်ပြာလိုက်ဖမ်းနေသည့်ဖိုးလုံးက ထိုအသံအားကြားလေတော့သူအနားသို့ ခုန်ပေါက်ပြေးလာလေသည်။
"မာနကြီးတဲ့ ကြောင်စုတ်လေးရောက်နေတာဖြစ်မယ်."
အကျိင်္ီပြန်ကြယ်သီးတွယ်နေသည့်ဒီမင်းနောင်နောင်က ဖိုးလုံးအပြောကိုကြားပြီးကြောင်အသွားလေသည်။
"ဘယ်လို..မာနကြီးတာ..ဟုတ်လား..မာနကြီးတဲ့ကြောင်ဆိုတာရှိလို့လား."
ဖိုးလုံးက သူ့လက်အားဆွဲခေါ်ကာ သစ်ပင်ကြီးတစ်ပင်ရှိရာဆီသို့ ပြေးထွက်လာသည်။အပင်အနီးသို့ရောင်လေလေ ကြောင်အော်သံကပို၍ကျယ်လေလေဖြစ်နေတော့သည်။
"ရှိတာပေါ့ကိုကြီးရ..အဲ့ဒီကောင်က သစ်ပင်ပဲတတ်တတ်တာ..ပြန်မဆင်းတတ်ဘူး..ရုပ်ဆိုးဆိုးဖြစ်နေလို့ပဲ..မာနကြီးတာလွန်ရော..ဟိုမှာကြည့်လေ.."
ဖိုးလုံးညွှန်ပြရာသစ်ပင်ကြီးပေါ်သို့သူမော့ကြည့်လိုက်သည်။တစ်ကိုယ်လုံးမဲနက်ကာ မျက်လုံးဝိုင်းဝိုင်းကြီးတွေကတောက်တောက်ပပဖြင့်အလွန်လှသည့်ကြောင်ကလေးတစ်ကောင်ရှိနေသည်။သစ်ပင်ခွဆုံကြီးတစ်ခုပေါ်တွင်ထိုင်နေရင်းခြေထောက်တုတ်တုတ်တိုတိုလေးတွေကလဲ တုန်ရီနေသေးသည်။
သူက အော်နေရာမှ ဒီမင်းနောင်နောင်တို့ရှိနေသည်ကိုမြင်သောအခါ မျက်နှာကို မော်ချီပစ်လိုက်လေသည်။
~ချီးပဲ...တကယ်ကို ချေမိုးနေတာပါလား။စောက်ကြီးစောက်ကျယ်ကြောင်စုတ်က။ငါ့အိမ်က ကလေးလေးတွေနဲ့များကွာပါ့...
သူက မြို့တွင်ကျန်နေခဲ့သည့် သူ၏ရွှေဝါလေးကိုပင်သတိရသွားမိသည်။သူကမိဘတွေ၏အတင်းအကြပ်စီစဉ်ပေးမှုကြောင့်ယောကျာ်းနောက်ပါလာရသည်မို့ သူ့ရွှေဝါလေးကတစ်ကောင်ထဲ အထီးကျန်စွာနေရစ်ခဲ့ရလေသည်။ဒီအချင်းအရာတွေသာကြိုသိခဲ့လျှင် ရွှေဝါလေးအား တစ်ခြံကျော်က ကြောင်ထီးကလေးနှင့်နေရာချပေးခဲ့မည်ပင်ဖြစ်သည်။